Homeပြည်တွင်းသတင်းဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းဖို့ ဖားကန့်ဒေသခံတွေ လမ်းလျှောက်ဆန္ဒပြ

ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းဖို့ ဖားကန့်ဒေသခံတွေ လမ်းလျှောက်ဆန္ဒပြ

၂၄ ဒီဇင်ဘာ ၂၀၂၅

စစ်ကောင်စီအကောင်အထည်ပြန်ဖော်နေတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းဖို့ ဒီကနေ့ ဒီဇင်ဘာ (၂၄)ရက် မနက်ပိုင်းမှာ ဖားကန့်ဒေသခံတွေ လမ်းလျှောက်ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ဧရာဝတီကိုကာကွယ်ကြ” ၊ ” ဧရာဝတီသည်ငါတို့ရဲ့ နှလုံး​သွေးစက်”၊ “မြစ်ဆုံကိုကယ်တင်ပါ အာဏာရှင်စနစ်စီမံကိန်းများရပ်တန့်ပါ ” ၊ ပြည်သူ့ဆန္ဒကိုနား​ထောင် မြစ်ဆုံစီမံကိန်းဖျက်သိမ်း” ၊ “No Dam”စတဲ့ စာတမ်း​တွေကိုကိုင်​ဆောင်ပြီးဆန္ဒပြခဲ့ကြတာပါ။

“ကျွန်ုပ်တို့၏ မြစ် ၊ ကျွန်ုပ်တို့၏ အနာဂတ် ၊ သင့်စီမံကိန်းမဟုတ်ပါ -Our river, our future.Not your project” လို့​ရေးထားတဲ့ စာတမ်း​ကိုလည်းကိုင်စွဲရင်း ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်မှာ လမ်း​လျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ သူတို့လုပ်တဲ့ စီမံကိန်းတွေကိူ အကြောင်းပြချက်မခိုင်လုံဘဲနဲ့ ကန့်ကွက်တာ ဆန္ဒပြတာတွေလုပ်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်နေတဲ့ ကြားက ဖားကန့် ဒေသခံတွေဟာ အခုလိုဆန္ဒထုတ်ဖော်လိုက်တာဖြစ်ပါတယ်။

ဒါအပြင်မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်အောင် တနိုင်ငံလုံးမှပြည်သူ​တွေကလည်း ဝိုင်းဝန်းကန့်ကွက်​​ပေးကြဖို့လည်းဆန္ဒပြပွဲမှာ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။

တဆက်တည်းမှာဘဲဖားကန့်​မှော်လှည့်သပိတ်နဲ့ ​ဒေသခံပြည်သူ​တွေကစစ်တပ်​က ပြုလုပ်မယ့်ရွေး​ကောက်ပွဲကိုလည်း ကကန့်ကွက်ဆန္ဒပြခဲ့ကြပြီး၊ “ခွေးတွေလုပ်တဲ့ ရွေးကောက်ပွဲ တို့ပြည်သူတွေက မဲပေးစရာလား “ ၊ “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့ “ “NO VOTE” ၊ ” SHAM ELECTION”စတဲ့စာတမ်း​တွေနဲ့​ကြွေး​ကြော်သံ​ကိုပါကြွေး​ကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-ဖားကန့်​မှော်လှည့်သပိတ်၊CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး