၄ ဖေဖေါ်ဝါရီ၊ ၂၀၂၅
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲတွေဖြစ်လာတာကြောင့် စစ်ကောင်စီတပ်က ပုသိမ်မြို့အတွင်း စစ်ရေးပြင်ဆင်နေရုံသာမက ပုသိမ်အကျဉ်းထောင်အတွင်းမှပါ စစ်ဆေးရေးတွေတင်းကြပ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
လက်ရှိ ပုသိမ်အကျဉ်းထောင်အတွင်း အကျဥိးသားတွေ နေထိုင်မှုအတွက် လိုအပ်ချက်တွေရှိနေပေမယ့် ထောင်အာဏာပိုင်တွေက ပြင်ဆင်ပေးခြင်း မရှိတဲ့အပြင် အခြားအမှု နဲ့ ကျခံလျက်ရှိတဲ့ တန်းစီးတွေနဲ့ ထောင်ဝန်ထမ်းတွေပူးပေါင်းပြီး အခန်းတွင်းမီးလုံးဝယ်ခြင်းမှ အစပြုပြီး အခြားငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အကျဉ်းသားတွေ ကျန်းမာရေးအတွက် ဆေးဝါးပို့ပေးခြင်းတွေကို ယခင်လိုပေးပို့မရနိုင်အောင် ကန့်သတ် ထားပြီး ဆေးဝါးအပြင် စာအုပ်များပေးပို့ခြင်းကို လုံးဝကန့်သတ်လိုက်ကြောင်းနဲ့ပါဆယ်ပို့ရာမှာလည်း ဟင်း ၃ မျိုးသာ လက်ခံပြီး ကော်ဖီ ၇ ထုပ်သာ ပေးပို့လို့ရတော့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာလည်း ပုသိမ်အကျဉ်းထောင်အတွင်း ဟင်း မလောက်ငှမှုကြောင့် နိုင်ငံရေးအကျဥ်းသားတွေအနေနဲ့ ထောင်ဈေးဘားကို ငွေသွင်းကာ မတန်တဆဈေးတွေနဲ့ ဝယ်ယူစားသောက်နေရတယ်လို့လည်း PPNM ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
Photo-PPNM