၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြို့နယ် စုစုပေါင်း ၁၃၈ မြို့နယ် ရှိတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
အသံအဖွဲ့က ကောက်ယူထားတဲ့အချက်အလက်တွေအရ ပြည်တွင်းရှိ ပြည်နယ် ၅ ခုခောက်တွင် ဖုန်းနဲ့ အင်တာ နက်လိုင်းတွေ ပြတ်တောက်နေကြောင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာလည်း အင်အားပြင်းငလျင် လှုပ် ခတ်ခဲ့တဲ့အတွက် ဝိုင်ဖိုင်ကလွဲပြီး ကျန်ဆက်သွယ်ရေးလိုင်းတွေ တတိုင်းလုံးနီးပါး အတိုင်းအတာနဲ့ ပြတ် တောက်နေတာ ဖြစ်တယ်လို့ အသံအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဧပြီလအတွင်း ဖုန်း နဲ့ အင်တာနက်လိုင်း ပြန်လည်ရရှိမှုအခြေအနေအနေနဲ့ ပြီးခဲ့တဲ့ (၇)လ ကျော်မှ အင်တာနက်၊ဖုန်းလိုင်း ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ဧပြီလ၊ ၁၉ ရက်နေ့၊ နေ့လည် (၂)နာရီခွဲဝန်းကျင်မှစပြီး အက်တမ်ဖုန်းလိုင်းတွေ ပြန်လည်ချိတ်ဆက်အသုံးပြု နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထူးခြားဖြစ်စဉ်အဖြစ် မတ်လ နောက်ဆုံးပတ်ကစပြီး TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နောင်ချိုမြို့နယ်မှာ ဖုန်းအသုံးပြုခွင့်ကို စစ်ဆေးတင်းကျပ်မှုတွေ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ် ၁၆ ရက်က နောင်ချိုမြို့နယ် တောင်ရပ်ကွက်က စိန်ရတနာပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုဟာ ဖုန်းလိုင်းခဏ ပြန်ဖွင့်ပြီးနောက် ဖြစ်ပွားခဲ့တဲ့အတွက် အခုလို TNLA က လေကြောင်း အန္တရာယ် စိုးရိမ်မှုကို အကြောင်းပြကာ ဖုန်းအသုံးပြုပါက ဒဏ်ငွေ ၁၀ သိန်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ် မယ်ဆိုပြီး စစ်ဆေးတင်းကျပ်နေတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – Social Media