Homeပြည်တွင်းသတင်းဧဒင်ဦးချစ်ခိုင်နဲ့ ဇေကမ္ဘာခင်ရွှေသား ဦးဇေသီဟတို့ ပြန်လွတ်လာ

ဧဒင်ဦးချစ်ခိုင်နဲ့ ဇေကမ္ဘာခင်ရွှေသား ဦးဇေသီဟတို့ ပြန်လွတ်လာ

၁၂ ဧပြီ၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာမှာ ဖမ်းဆီးခံရတဲ့ ဧဒင်ဦးချစ်ခိုင်နဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သား ဦးဇေသီဟတို့ ဧပြီ ၁၂ ရက်မှာ လွတ်မြောက်လာပြီဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဦးချစ်ခိုင်ကို စစ်ကောင်စီက တီကျစ်ကျောက်မီးသွေးမိုင်း တူးဖော် ရေးမှာ နိုင်ငံတော်က ရသင့်တဲ့ အခွန်ဆုံးရှုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

၎င်းနဲ့အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နဲ့ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်တို့ကိုလည်း စစ်ကောင်စီက အဂတိ ပုဒ်မ ၅၅ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဦးချစ်ခိုင်ဟာ မန္တလေးအိုးဘိုထောင်ကနေ လွတ်မြောက်လာတာဖြစ်ပြီး ဇေကမ္ဘာဦးခင်ရွှေရဲ့သား ဦးဇေသီဟကလည်း ရန်ကုန်အင်းစိန်ထောင်ကနေ လွတ်လာတာဖြစ်ပါတယ်။

အလားတူ စားအုန်းဆီအမှုနဲ့ ဖမ်းဆီးထားတဲ့ ဆီလုပ်ငန်းရှင်အချို့လည်း ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read