ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူပါတီ ရန်ကုန်တိုင်းရုံးအနီးမှာ ဗုံးပေါက်ကွဲမှုတစ်ခု မနေ့က ဒီဇင်ဘာ ၂၁ရက်နေ့ ည ၇နာရီ မိနစ်၂၀ ဝန်ကျင်အချိန်ခန့်မှာ ဖြစ်ပွားခဲ့ပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ နေရာဟာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်း ဆိုးတန်းလမ်းမှာရှိတဲ့ ပြည်သူပါတီရုံးခန်းအတက်အဆင်း လှေခါးဘေးအနီး တိုက်နှစ်လုံးကြားမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အဲ့ဒီမြို့နယ်မှာနေထိုင်တဲ့သူတဦးကဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လူအထိအခိုက်မရှိပေမယ့် အောင်နိုင်ရေးတိုင်ဘုတ်နဲ့ ကားတစ်စီးပျက်စီးခဲ့တယ်လို့သ်ရပါတယ်။
“ပေါက်တာကအသံတော်တော်ပြင်းတယ် ။အကျယ်ကြီးဘဲ။ ပါတီအောင်နိုင်ရေးပိုစတာမှာလဲ အပေါက်တွေဖြစ်သွားတယ်။ ရပ်ထားတဲ့ ကားတစ်စီလည်း ဗုံးစတွေထိပြီး မှန်တွေကွဲကုန်တယ်”လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာတော့ မသိရသေးပေမယ့် လက်လုပ်ဗုံးအမျိုးအစားဖြစ်တယ်လို့ ကနဦးသိရပါတယ်။
ပြည်သူ့ပါတီဟာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ဓာတ်ပုံ-ပြည်သူ့ပါတီ


