Homeပြည်တွင်းသတင်းဥကရစ်ထစခန်းသိမ်းအောင်ပွဲကနေ လက်နက်ခဲယမ်း အများအပြား သိမ်း ဆည်းရမိ

ဥကရစ်ထစခန်းသိမ်းအောင်ပွဲကနေ လက်နက်ခဲယမ်း အများအပြား သိမ်း ဆည်းရမိ

၁၃ ဇူလိုင် ၂၀၂၅

မနေ့က ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းမှာသိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ဥကရစ်ထစခန်းသိမ်းအောင်ပွဲကနေ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ Cobra Column စစ်ကြောင်း ၁ တပ်ခွဲ ၂ က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေထဲမှာ ၆၀ မမ အပါအဝင်လက်နက် ကြီးတွေနဲ့ အခြားလက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲကို KNLA၊ PDF ဗျူဟာ (၃၂) တော်လှန်ရေးတပ်ဖွဲ့များ၊ ပူးပေါင်းတပ်ဖွဲ့များတွေနဲ့အတူ Cobra Column စစ်ကြောင်း(၁)၊တပ်ခွဲ-၂ (PKYY) ရဲဘော်တွေက ပူးပေါင်းတိုက် ခိုက်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဥကရစ်ထစခန်းပေါ်ကို တက်ရောက်သိမ်းပိုက်နိုင်ခဲ့ရာမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့အလောင်း ၁ လောင်းနဲ့နောက် ထပ် ၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါးဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူး ၊တာလယ်၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ သေ့ဘောဘိုးစခန်း၊ ထီးကပလယ်စခန်းတို့ကို သိမ်းပိုက်အပြီး အခု ဥကရစ်ထစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြတာဘဲဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီ တပ်စခန်း ၂ ခု သာ သိမ်းပိုက်ရရှိရန် ကျန်ရှိတော့ပြီး အဲဒီစခန်းတွေဟာ ဝေါ်လေဗျူဟာကုန်းနှင့် တီသဲလယ်စစ်တပ်စခန်း တို့ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Cobra Column

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး