Homeပြည်တွင်းသတင်းအွန်လိုင်းဆယ်လီ သမီးဆိုး ကို ၅၀၅(က)နဲ့ပါ ထပ်တိုးတရားစွဲဆိုထား

အွန်လိုင်းဆယ်လီ သမီးဆိုး ကို ၅၀၅(က)နဲ့ပါ ထပ်တိုးတရားစွဲဆိုထား

၁၆ အောက်တိုဘာ ၂၀၂၅

အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို ၅၀၅(က)နဲ့ပါ တရားစွဲဆိုထားပြီဖြစ်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

သူမကို ကနဦးမှာ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့သာ အမှုဖွင့်ထားပေမယ့် လက်ရှိမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ပါ ထပ်တပ်လိုက်တာဘဲဖြစ်ပါတယ်။

အဲဒီပုဒ်မဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဇနီး ကြူကြူလှနဲ့ စစ်ခေါင်းဆောင်အချို့ကို ပုတ်ခတ်ပြောဆိုတယ်ဆိုပြီး တရားစွဲဆို လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သမီးဆိုးဟာ လူသိများတဲ့ အနုပညာရှင်တွေရဲ့အတွင်းရေးတွေကို ဖော်ထုတ်ပြောဆိုရင်း အွန်လိုင်းဆယ်လီဖြစ်လာခဲ့သူတဦးဖြစ်ပြီး လက်ရှိမှာ အမေရိကန်နိုင်ငံသား ခံယူထားသူလည်းဖြစ်ပါတယ်။

အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ဟာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်ကနေ ဘန်ကောက်ကို ထွက်ခွာဖို့ လုပ်နေစဉ်မှာဘဲ ဖမ်းဆီးထန်းသိမ်းခံရတာဖြစ်ပါတယ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး