အွန်လိုင်းကနေ ဈေးရောင်းချနေသူ ၃ ဦးကို CDM လုပ်ဆောင်ထားသူတွေဆိုပြီး စစ်ကော်မရှင် က ၅၀၅(က)နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့တယ်လို့ မနေ့က စက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန် အသိပေးထားပါတယ်။
သူတို့ ၃ ဦးဟာ မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၂ လမ်း၊ ၅၄ နဲ့ ၅၅ လမ်းကြား၊ ထွန် တုံးရပ်ကွက်က စံထိုက်သီ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြသူ ပညာရေးဝန်ကြီးဌာနက CDM မသီတာဇော် ၊ ကိုဖြိုးမင်းစိုးနဲ့ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်၊ ကြူစမ်းရွာသစ်၊ ပြန်လည်နေရာချထားရေးရပ်ကွက်က ကိုသန်းဇော်မိုး တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ရဲ့ စွပ်စွဲချက်အရ သူတို့ ၃ ဦးဟာ ပြည်ပနိုင်ငံကိုရောက်ရှိနေတဲ့ ပညာရေး CDM ဝန်ထမ်း မခိုင်စုလွင်ရဲ့ အွန်လိုင်းစျေးရာင်းချနေတာမှာ ပါဝင်ပက်သက်ခဲ့ပြီး အထည်ရောင်းတာတွေ၊ ထိုင်းထီ ဝယ်ယူတာတွေ လုပ်ဆောင်ပြီး၊ တော်လှန်ရေးအဖွဒ့တွေဆီထောက်ပံ့ပေးနေတာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
NUG ၊ PDF အဖွဲ့အစည်းတွေကိုထောက်ပံ့မှုပြုလုပ်နိုင်ဖို့ လူမှုကွန်ရက်ပေါ်မှာ တရားမဝင်ဈေးရောင်းချတာ၊ချိတ်ဆက်တာ ၊ ရောင်းချတဲ့ပစ္စည်းတွေကိုဝယ်ယူတာ၊ တစ်ဆင့်ခံပြန်လည်ရောင်းချတာ၊ ငွေကြေးလွှဲပြောင်းတာ ပြုလုပ်နိုင်ဖို့ အကူအညီပေးတာတွေကို စိစစ်ဖော်ထုတ် အရေးယူသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။


