Homeပြည်တွင်းသတင်းအောင်သမာဓိရွှေဆိုင်၊ ဇွဲထွက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်နဲ့ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းပိုင်ရှင်များအပါအဝင် ရွှေကုန်သည် ၁၀ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

အောင်သမာဓိရွှေဆိုင်၊ ဇွဲထွက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်နဲ့ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းပိုင်ရှင်များအပါအဝင် ရွှေကုန်သည် ၁၀ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

၂ ဇွန်၊ ၂၀၂၄

ရွှေဈေးမတရားမြင့်တက်မှုကြောင့် မေလ ၃၀ရက်က ရွှေကုန်သည် ၂၁ ဦးကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် ၊ အထူးစုံစမ်းရေးဌာနက ခေါ်ယူဖမ်းဆီးထားပြီး သူတို့ရဲ့ ထွက်ဆိုချက်အရ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထွက်ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင်ဦးအောင်ကောင်းမြတ်နဲ့အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း ပိုင်ရှင် ဦးမျိုးသူဝင်းတို့အပါအဝင် ရွှေဆိုင်ပိုင်ရှင်နဲ့ ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားပါတယ်။

စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားသူစာရင်းမှာ – အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း ဦးမျိုးသူဝင်း၊ ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ဦးအောင်ကောင်းမြတ်၊ စိန်ကျော်မိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်ငြိမ်း၊ ခရမ်းသုံးခွ ရွှေဆိုင်ပိုင်ရှင် ဦးသက်နောင်ဝင်း၊ ရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်း ရှင် ဦးအေးကြူ၊ ဦးကျော်ဝင်း(ခ)ပန်းသီး ရွှေကုန်သည်၊ ဦးညီညီဦး(ခ) ချက်ကြီး ရွှေကုန်သည်၊ ဒေါ်တင်တင်ခိုင်(ခ) စန္ဒာတင် ရွှေကုန်သည်တို့ (၁၀)ဦးကို ဖမ်း၀ရမ်းထုတ်ထားတယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဖမ်းဝရမ်းထုတ်ခံရသူတွေကို အိမ်မှာမရှိတဲ့အတွက် ရွှေဆိုင်တွေနဲ့ အိမ်တွေကို ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က ဖမ်း၀ရမ်းထုတ်ထားတဲ့ ရွှေဆိုင်ပိုင်ရှင်နဲ့ရွှေကုန်သည် ၁၀ ဦးကို ဖမ်းဆီးရရှိဖို့အတွက် လျှို့ ဝှက်စွာ သတင်းပေးဖို့ စစ်ကောင်စီရဲ့ဝါဒဖြန့် မီဒီယာတွေကတဆင့် ထုတ်ပြန်ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read