Homeပြည်တွင်းသတင်းအောင်ဇဗ္ဗူဇာတ်ကို တစ်နှစ်တိတိ ကပြဖျော်ဖြေခွင့် ရပ်ဆိုင်း

အောင်ဇဗ္ဗူဇာတ်ကို တစ်နှစ်တိတိ ကပြဖျော်ဖြေခွင့် ရပ်ဆိုင်း

၂၇ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

အောင်ဇဗ္ဗူဇာတ်သဘင်အဖွဲ့ကို တစ်နှစ်တိတိ ကပြဖျော်ဖြေခွင့် ရပ်ဆိုင်းလိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်လိုက်ပါတယ်။

အေးမင်းဦး (ခ) အောင်ဇမ္ဗူ တည်ထောင်ထားတဲ့ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကို ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဘက်က စတင်တိုင်ကြားခဲ့တဲ့အပေါ် အခြေခံပြီး အရေးယူဆောင်ရွက်လိုက်တာဖြစ်ကြောင်း ထုတ်ပြန်ထားတဲ့ ညွှန်ကြားစာအရ သိရပါတယ်။

အဆိုပါဆုံးဖြတ်ချက်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ချမှတ်ခဲ့တာဖြစ်ပြီး အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့အနေနဲ့ သတ်မှတ်ကာလအတွင်း မည်သည့်ဇာတ်ပွဲမျိုးကိုမျှ ကပြဖျော်ဖြေခွင့် မရှိတော့ဘူးလို့ သိရပါတယ်။

အောင်ဇမ္ဗူဇာတ်အဖွဲ့ဟာ ရန်ကင်းမြို့နယ် မိုးကောင်းဘုရားပွဲမှာ ကပြဖျော်ဖြေနေစဉ် ခေါင်းဆောင်မင်းသား အောင်ဇမ္ဗူ အပါအဝင် လူရွှင်တော်များ၊ မင်းသမီးများက သီချင်းတီးလုံးများနဲ့အတူ မသန်စွမ်းသူများ၏ လမ်းလျှောက်ပုံစံ၊ ကိုယ်အမူအရာများကို ဟာသပြုလုပ် တင်ဆက်ခဲ့တာဖြစ်ပြီး ယင်းဖျော်ဖြေမှုအပေါ် လူထုအကြား ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် မကြာခင်ကာလအတွင်းမှာပဲ ယခုလို တစ်နှစ်တာ ဖျော်ဖြေခွင့်ရပ်ဆိုင်း အရေးယူမှု ချမှတ်ခံရတာဖြစ်ပါတယ်။

ဒါ့အပြင် အောင်ဇမ္ဗူဇာတ်အဖွဲ့ဟာ ယခင်ကလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ ဖျော်ဖြေမှုလုပ်ဆောင်ခဲ့တာ၊ မန္တလေးမြို့မှာ သာသနာကို စော်ကားသည့် အပြုအမူတွေ လုပ်ဆောင်ခဲ့တာတွေကြောင့် လူထုဝေဖန်မှုများကို ကြုံတွေ့ခဲ့ရပြီး ယခုဖြစ်ရပ်ဟာ သုံးကြိမ်မြောက် ဝေဖန်အရေးယူခံရတဲ့ အမှုဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး