၂၉ နိုဝင်ဘာ၊၂၀၂၄
အုတ်ဖိုမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို စစ်ကောင်စီဒေါက်တိုင်တွေနဲ့ တန်း တူထားပြီး ထိရောက်စွာအရေးယူသွားမယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ (၄) မြေအောက် ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုက နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်အသိပေးထားပါတယ်။
အုတ်ဖိုမြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ် ၊ ရဲနဲ့ ပျူစောထီးတွေကို ဆက်ကြေးပေးပြီး မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို ၎င်းတို့ ရောင်းချတဲ့ မူးယစ်ဆေးဝါးတွေကို ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်တွေကြားမှာ တွင်ကျယ်ကျယ် အသုံးပြုလာနေတာကြောင့် အရေးယူဖို့ လုပ်ဆောင် ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
တပ်ဖွဲ့ဝင်တွေကိုလည်း မူးယစ်ဆေးဝါးသုံးစွဲမှုကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပြီး သုံးစွဲပါက ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးပြီး အပြစ်ပေး အရေးယူသွားမယ်လို့လည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုက အသိပေးထားပါတယ်။
ယခင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေါက်တိုင်တွေကိုသာ အရေးယူခဲ့ပေမယ့် ယခုအခါ ပြည်သူတွေက မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတွေကို အရေးယူပေးဖို့ တိုင်ကြားမှုတွေကို အလေးထားပြီး အုတ်ဖိုမြို့နယ် အတွင်းရှိ မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချနေသူတွေကို ထိရောက်စွာ အရေးယူသွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ၎င်းတို့အနီး သွားလာနေထိုင်ခြင်းမပြုကြဖို့ကိုလည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုက သတိပေးထုတ်ပြန်ထားပါတယ်။