Homeပြည်တွင်းသတင်းအုတ်ကျင်း စစ်ကြောရေးမှာ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတဲ့ လူငယ်တစ်ဦး တိုက်ပေါ်မှ ခုန်ချ သေဆုံး

အုတ်ကျင်း စစ်ကြောရေးမှာ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတဲ့ လူငယ်တစ်ဦး တိုက်ပေါ်မှ ခုန်ချ သေဆုံး

၁၀ ဇူလိုင် ၂၀၂၅

ရန်ကုန်တိုင်း လှိုင်မြို့နယ်အတွင်းမှာရှိတဲ့ အုတ်ကျင်း စစ်ကြောရေးမှာ စစ်မှုထမ်းဖို့ခေါ်ဆောင်ခံထားရတဲ့ လူငယ်တစ်ဦးဟာမနေ့က ဇူလိုင် ၉ ရက်နေ့မှာ နှစ်ထပ်တိုက်အဆောင်ပေါ်ကနေ ခုန်ချခဲ့တဲ့အတွက် သေဆုံးခဲ့ရတယ်လို့ Shwe Pyi Thar Information ဖော်ပြထားပါတယ်။

အဲ့ဒီလူငယ်ဟာ စိတ်မမှန်တဲ့သူတစ်ဦးဖြစ်ပြီး မနေ့က မွန်းလွဲ ၃ နာရီခန့်အချိန်မှာခုန်ချခဲ့တာကြောင့် ခုတင်-၁၀၀၀ ဆေးရုံကို ပို့ဆောင်ခဲ့ကြပေမယ့် ညပိုင်းမှာသေဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“ကွန်ကရစ်ပေါ် ကျတာ။ ခုန်ချသွားတဲ့ကောင်လေးက ကြောင်တောင်တောင်လေးပါ၊ ဆေးရုံခဏခဏတက်နေရတဲ့သူ။ အသက်က ၂၀ နဲ့ ၂၅ ကြားလောက်ပဲ၊ အသားဖြူဖြူ ရုပ်ကသန့်သန့် အရပ်ရှည်ရှည်ပါ၊ ရွှေပြည်သာက ခေါ်လာခံရတာလို့ သိရပါတယ်။ သူရောက်တာ ၁၀ ရက်ဝန်းကျင်လောက် ရှိဦးမယ်။ ညက ဆေးရုံမှာ ၁၀ နာရီလောက် ဆုံးသွားတယ်ပြောတယ်။ မသေသင့်တဲ့ အသက်တွေပါ။” လို့ ဒေသခံသတင်းရင်းမြစ်တွေက Shwe Pyi Thar Information ပေးပို့ပြောကြားထားတာပါ။

လွန်ခဲ့တဲ့ ၅ ရက်လောက်ကလည်းလူငယ် တစ်ယောက် ခုန်ချတာဖြစ်ပွားခဲ့သေးပြီး

ရေထဲပြုတ်ကျတဲ့အတွက် အသက်မသေခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်ဆောင်ထားတဲ့ လူငယ် ၄၀၀ ခန့်ဟာ လှိုင်မြို့နယ်အတွင်းမှာရှိတဲ့ အုတ်ကျင်း စစ်ကြောရေးမှာ ရှိနေတာဖြစ်ပြီး ရွှေပြည်သာမြို့နယ်က လူငယ် ၄၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

ပုံစာ – စစ်မှုထမ်းဖို့ စုဆောင်းခံရသူ လူငယ်များ

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး