Homeပြည်တွင်းသတင်းအီရန် အဓိပတိခေါင်းဆောင် ခါမေနီ သေဆုံးသွားပြီလို့ အစ္စရေး အတည်ပြု

အီရန် အဓိပတိခေါင်းဆောင် ခါမေနီ သေဆုံးသွားပြီလို့ အစ္စရေး အတည်ပြု

၁ မတ် ၂၀၂၆ | New Day Myanmar

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အီရန်ရဲ့ အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီ ဟာ တီဟီရန် မြို့မှာရှိတဲ့ သူ့ရဲ့ နေအိမ်ဝင်းအတွင်း အပျက်အစီးတွေကြားမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ အစ္စရေးဘက်က အတည်ပြုထားပါတယ်။

တီဟီရန်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ခါမေနီရဲ့ ရုပ်အလောင်းဓာတ်ပုံကိုလည်း ဒေါ်နယ်ထရမ့်ကို ပြသခဲ့တယ်လို့ အစ္စရေးဘက်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အသက် ၈၆ နှစ်အရွယ် ခါမေနီဟာ “Operation Epic Fury” လို့ အမည်ပေးထားတဲ့ အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းစစ်ဆင်ရေးအတွင်း သေဆုံးသွားပြီလို့ အစ္စရေးအဆင့်မြင့် အရာရှိတစ်ဦးက Reuters ကို ပြောပါတယ်။

အဲ့ဒီစစ်ဆင်ရေးအတွင်း ခါမေနီရဲ့ အကြံပေး Ali Shamkhani အပါအဝင် အီရန်အစိုးရ အဆင့်မြင့် အရာရှိ ၇ ဦးလည်း သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။

“Operation Epic Fury” စစ်ဆင်ရေးရဲ့ အဓိက ပစ်မှတ်ဟာ ခါမေနီဖြစ်ပြီး သူ့ရဲ့ သေဆုံးမှုသတင်းဟာ မှန်ကန်တယ်လို့ သမ္မတ ထရမ့်ကလည်း ပြောထားပါတယ်။ ထရမ့်ကို ခါမေနီရဲ့ ရုပ်အလောင်းဓာတ်ပုံ ပြသခဲ့ပေမယ့် အီရန်အစိုးရဘက်ကတော့ အဲ့ဒီသေဆုံးမှုကို တရားဝင်အတည်မပြုသေးဘူး လို့ ဆိုပါတယ်။

ထရမ့်က သူ့ရဲ့ Truth Social အကောင့်မှာ

“သမိုင်းတစ်လျှောက် အဆိုးညစ်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်တဲ့ ခါမေနီ သေသွားပါပြီ။ ဒါဟာ အီရန်ပြည်သူတွေ အတွက်ပဲ မဟုတ်ဘူး၊ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ လူသားအားလုံးအတွက် တရားမျှတမှုတစ်ရပ် ဖြစ်တယ်”

လို့ ရေးသားထားပါတယ်။

အစ္စရေးနိုင်ငံပိုင် ရုပ်သံ Kan ကလည်း ခါမေနီကို ရှင်းလင်းနိုင်ပြီဖြစ်ကြောင်း အဆင့်မြင့် အရာရှိတွေကို အကြောင်းကြားထားပြီးပြီလို့ သတင်းဖော်ပြထားပါတယ်။ ခါမေနီရဲ့ အလောင်းကို နေအိမ်ဝင်းအတွင်း အပျက်အစီးတွေ အောက်ကနေ ပြန်ရယူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး