Homeအထူးသတင်းအီရန်ရဲ့ နျူကလီးယားစက်ရုံ ၃ ခု ကို အမေရိကန်ဗုံးကြဲတိုက်ခိုက်

အီရန်ရဲ့ နျူကလီးယားစက်ရုံ ၃ ခု ကို အမေရိကန်ဗုံးကြဲတိုက်ခိုက်

၂၂ ဇွန် ၂၀၂၅

အီရန်ရဲ့ နျူကလီးယားစက်ရုံ ၃ ခုကို အမေရိကန်က စတင်ဗုံးကြဲတိုက်ခိုက်လိုက်ပြီဖြစ်တယ်လို့ ဒီကနေ့ ဇွန်၂၂ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလာပါတယ်။

အမေရိကန် လေတပ်က တိုက်ခိုက်လိုက်တဲ့ အီရန်ရဲ့ နျူကလီးယားစက်ရုံ ၃ ခုဟာ ဖော်ဒေါ် (Fordow) ၊ နေတန့်ဇ် (Natanz) နဲ့ အစ်ဖာဟန် (Isfahan) တို့ ဖြစ်တယ်လို့ဆိုရပါတယ်။

သမ္မတထရမ့်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “အီရန်ရှိ နျူကလီးယားစက်ရုံသုံးခုဖြစ်တဲ့ ဖော်ဒေါ်၊ နေတန့်ဇ်နဲ့ အစ်ဖာဟန်တို့ကို အောင်မြင်စွာ တိုက်ခိုက်ပြီးပါပြီ။ အဓိကပစ်မှတ်ဖြစ်တဲ့ ဖော်ဒေါ်ကို ဗုံးအပြည့်အစုံ ကြဲချခဲ့ပါတယ်။ လေယာဉ်အား လုံး ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပါပြီ” လို့ ရေးသားထားတာ တွေ့ရပါတယ်။

ဒီတိုက်ခိုက်မှုကို အစ္စရေးနဲ့ အီရန် ၉ ရက်အကြာ တိုက်ခိုက်မှုအပြီး ဒီနေ့ မနက် မြန်မာစံတော်ချိန် ၅နာရီခွဲမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဒီလိုတိုက်ခိုက်ဖို့ကိုလည်း ထရမ့်က ကြိုတင် ပြောကြားထားတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရွေး ကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေ ပြုလုပ်ချိန်က နိုင်ငံရပ်ခြား စစ်ပွဲဆင်နွှဲတာတွေ ရပ်တန့်ပစ်မယ်လို့လည်း ကြွေးကြော်ထားပါတယ်။

ဓာတ်ပုံ- AP/Reuters

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး