Homeပြည်တွင်းသတင်းအီရန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ တီဟီရန်မှာ သောက်သုံးရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရ၊ ရေ ၉ ရက်စာသာကျန်တော့

အီရန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ တီဟီရန်မှာ သောက်သုံးရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရ၊ ရေ ၉ ရက်စာသာကျန်တော့

၁၄ နိုဝင်ဘာ ၂၀၂၅

အီရန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ တီဟီရန်မှာ အဆိုးရွားဆုံးသောက်သုံးရေပြတ်လပ်တော့မယ့်အရေးကို ရင်ဆိုင်နေရပြီး မြို့နေလူထုအတွက် သောက်သုံးရေမှာ (၉)ရက်စာ သာကျန်ရှိနေတော့တယ်လို့ The Sun သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိရင်ဆိုင်နေရတဲ့ သောက်သုံးရေပြတ်လပ်တော့မယ့်အရေးကြောင့် တီဟီရန်မြို့ကို ပြောင်းရွှေ့ရဖွယ်အခြေအနေတွေရှိနေပြီး (၆) နှစ်ဆက်တိုက် မိုးခေါင်ရေရှားမှုဖြစ်ပွားခဲ့ပြီး မိုးရွာသွန်းမှုနှုန်းကလည်း ပြီးခဲ့တဲ့နှစ်ကထက် ၄၀ ရာခိုင်နှုန်း ကျဆင်းသွားတာကြောင့် တောင်ကျရေခံရေလှောင်ကန်တွေနဲ့မြေအောက်ရေ ထုတ်ယူတဲ့ ရေလှောင်ကန်တွေမှာလည်း ရေအရင်းအမြစ် မရှိသလောက်ဖြစ်လာတာ ကြောင့် ကပ်ဘေးထက် ပိုဆိုးရွားတဲ့ အဆင့်ကိုရောက်နေပြီလို့ သိရပါတယ်။

တီဟီရန်မြို့တော်မှာ နေထိုင်တဲ့လူဦးရေဟာ ၁၀ သန်းကျော်ရှိပြီး သောက်သုံးရေပြတ်လပ်မှုကို ဖြေရှင်းနိုင်ဖို့အတွက် အီရန်လွှတ်တော်မှာ နိုဝင်ဘာ ၁၁ ရက်က ရေပြဿနာကို ဖြေရှင်းနိုင်မယ့်သူကို အာ ဏာကုန်လွှဲပေးပြီး ဖြေရှင်းစေမယ်လို့ အီရန်သမ္မတ ပီဇက်ခီယန်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အခုလိုသောက်သုံးရေပြတ်လပ်မှုတွေ ဖြစ်ပွားခဲ့ရတဲ့ အဓိကအကြောင်းကတော့ နှစ်ပေါင်းများစွာ စီမံကိန်းအမှားများ၊ မြို့ပြလူဦးရေ တစ်ဟုန်ထိုး တိုးမြင့်လာတာနဲ့မြေအောက်ရေ အလွန်အကျွံထုတ်သုံးကြတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး