၂၈ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar
အီရန်စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ အမီယာ ဟာတာမီ ဟာ ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် ပူးပေါင်းစစ်ဆင်ရေးတွေကို အရှိန်အဟုန်ပြင်းပြင်း ဆင်နွှဲနေတဲ့ ကာလအတွင်း အီရန်စစ်တပ်အတွက် အလွန်ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ အမီယာ ဟာတာမီ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီဖြစ်တယ်ဆိုတာကို အစ္စရေးနဲ့ နိုင်ငံတကာသတင်းဌာနတွေကလည်း အရေးပေါ်သတင်းအဖြစ် ဖော်ပြခဲ့ကြပါတယ်။
ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ Tehran မြို့တော်မှာရှိတဲ့ လူနေရပ်ကွက် လမ်းမတစ်ခုပေါ်မှာ သွားလာနေတဲ့ သူ့ရဲ့ ယာဉ်တန်းကို Israel Air Force က ဒရုန်း ဒါမှမဟုတ် တိကျတဲ့ ဒုံးကျည်တွေ နဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


