Homeအထူးသတင်းအီရန်ခေါင်းဆောင် ခါမေနီ သေဆုံးကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံ အတည်ပြု

အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံ အတည်ပြု

၁ မတ် ၂၀၂၆ | New Day Myanmar

အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်ဖြစ်တဲ့ အာယာတိုလာအလီခါမေနီသေဆုံးသွားပြီဖြစ်ကြောင်း IRIB က မတ်လ ၁ ရက်နေ့မှာ တရားဝင် အတည်ပြုကြေညာလိုက်ပါတယ်။

ခါမေနီဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ အပြင်းအထန် ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း Tehran မြို့မှာရှိတဲ့ သူ့ရဲ့ ရုံးနေရာတဝိုက် ဒုံးကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံက ဖော်ပြပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီး Benjamin Netanyahu နဲ့ Donald Trump တို့က ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အရင်ဆုံး ထုတ်ဖော်ပြောကြားခဲ့ကြပေမယ့် အီရန်ဘက်ကတော့ တရားဝင်အတည်ပြုခြင်း မပြုလုပ်သေးခဲ့ပါဘူး။

ဒါပေမယ့် မတ်လ ၁ ရက်နေ့မှာတော့ အီရန်နိုင်ငံပိုင် ရုပ်သံက ခါမေနီ သေဆုံးမှုကို တရားဝင် အတည်ပြုလိုက်တာဖြစ်ပါတယ်။

ခါမေနီနဲ့အတူ အီရန်စစ်ဖက် အရာရှိတွေ၊ အစိုးရ ထိပ်တန်း အရာရှိတွေ အပါအဝင် လူအများအပြားလည်း အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ပြီလို့ အစ္စရေးနဲ့ အမေရိကန်ဘက်က ပြောကြားထားပါတယ်။

ခါမေနီ သေဆုံးမှုကြောင့် အီရန်နိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ ပြောင်းလဲလာနိုင်ခြေရှိပြီး အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။

#အီရန်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး