Homeအထူးသတင်းအီရန်ကို အစ္စရေးနဲ့အတူ အမေရိကန်ပါ ပူးပေါင်းတိုက်ခိုက်နေကြောင်း အတည်ပြု

အီရန်ကို အစ္စရေးနဲ့အတူ အမေရိကန်ပါ ပူးပေါင်းတိုက်ခိုက်နေကြောင်း အတည်ပြု

၂၈ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

အီရန်နိုင်ငံအား အစ္စရေးနှင့်အတူ အမေရိကန်က ပူးပေါင်း၍ တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက အတည်ပြုခဲ့သည်ဟု NBC News သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိအချိန်တွင် အီရန်မြို့တော် တီဟီရန်၌ ကြီးမားသော ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး အီရန်သတင်းဌာနဖြစ်တဲ့ Mehr News Agency ရဲ့ ဖော်ပြချက်အရ မြို့တော်အတွင်း နေရာအချို့မှာ ဖုန်းလိုင်းများ ပြတ်တောက်နေသလို လေကြောင်းလိုင်းများကိုပါ ပိတ်သိမ်းထားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

အစ္စရေးရဲ့အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများသည် အမေရိကန် ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ဘက်မှ ထုတ်ပြန်ခဲ့သည့် ခြိမ်းခြောက်သတိပေးချက်များအပြီး မကြာခင်မှာပဲ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အဆိုပါ ခြိမ်းခြောက်ချက်များအတွင်း အစ္စရေးနိုင်ငံရှိ အမေရိကန်သံရုံး ဝန်ထမ်းများအနေဖြင့် လိုအပ်ပါက နိုင်ငံအတွင်းမှ ထွက်ခွာကြရန် သတိပေးထားတဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union Address) မှာ အီရန်အစိုးရမှာ အန္တရာယ်ရှိတဲ့ နျူကလီးယား ရည်မှန်းချက်တွေ ရှိနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပေမယ့် လက်တွေ့ကျတဲ့ တိုးတက်မှု မရရှိခဲ့ကြောင်းလည်း သိရပါတယ်။

ယခုဖြစ်ရပ်ကြောင့် အရှေ့အလယ်ပိုင်းဒေသတစ်လျှောက် စစ်ရေးတင်းမာမှုများ ပိုမိုကျယ်ပြန့်လာနိုင်ခြေရှိနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အရေးပေါ်အခြေအနေအဖြစ် စောင့်ကြည့်နေကြပါတယ်။

#အီရန်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး