Homeပြည်တွင်းသတင်းအီနိုင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံးများ ကြဲချ အမျိုးသား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ

အီနိုင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံးများ ကြဲချ အမျိုးသား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ

၁၄ အောက်တိုဘာ၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးက အီနိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုး သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ MNDAA က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လားရှိုးမြို့အနီးရှိ အီနိုင်းရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် စုစုပေါင်းဗုံး ၇ လုံးကြဲချခဲ့ကြောင်း အခုလို တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီးကြီး ၁ ဦးနဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် လူနေအိမ် ၂၀ လုံးကျော် ပျက်စီးခဲ့တဲ့ အပြင် ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရား ကျောင်း ၁ ကျောင်း၊ ဘုရားကျောင်းဝင်းအတွင်းရှိ ခန်းမ ၁ ခု၊ မူကြိုကျောင်း ၁ ကျောင်းပျက်စီး ဆုံးရှုံးခဲ့ရတယ် လို့လည်း ထုတ်ပြန်ထားပါတယ်။

ယနေ့အချိန်အထိ လားရှိုးမြို့နှင့်အနီးတဝိုက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ နေရာတွေမှာ စစ်ရေးနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ နေရာတွေဖြစ်တယ်လို့လည်း MNDAA က ထုတ်ပြန်ထားပါတယ်။

ပုံစာ – အီနိုင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ထားပုံ

Photo – The KoKang

ဆက်စပ် သတင်းများ

Most read