Homeပြည်တွင်းသတင်းအိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူ သုံးသန်းခွဲခန့်ထဲက လေးဆယ်ရာခိုင်နှုန်းမှာ ကလေးတွေဖြစ်တယ်လို့ UNICEF ဆို

အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူ သုံးသန်းခွဲခန့်ထဲက လေးဆယ်ရာခိုင်နှုန်းမှာ ကလေးတွေဖြစ်တယ်လို့ UNICEF ဆို

၂၂ နိုဝင်ဘာ ၊၂၀၂၄

မြန်မာတစ်နိုင်ငံတစ်ဝန်းက လတ်တလော အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူသုံးသန်းခွဲခန့်ထဲက လေး ဆယ်ရာခိုင်နှုန်းမှာ ကလေးတွေဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ – ယူနီဆက်ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Ted Chaiban က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာမှုအကူအညီ လိုအပ်ချက်တွေက လက်ရှိမှာ အမြင့်ဆုံးအခြေအနေကို ရောက် နေကြောင်းနဲ့ လတ်တလောမှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့်ရော ယာဂီမုန်တိုင်းကြောင့်ပါ လူတစ်သန်းခန့် ဒုက္ခရောက်ရတယ်လို့ သူက ပြောဆိုထားပါတယ်။

မြေမြှုပ်မိုင်းနဲ့ တခြား ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် လူတစ်ထောင် ထိခိုက်တဲ့အခါ ၃၂ ရာခိုင်နှုန်းက ကလေးတွေ ဖြစ်ကြောင်းနဲ့ ဆက်တိုက် ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် မလုံခြုံမှုတွေ၊ ဗျူရိုကရေစီယန္တယားတွေ၊ ဆက်သွယ်ရေးနည်းစနစ် ကင်းမဲ့နေတာတွေ၊ ကာကွယ်ရေးပစ္စည်းကိရိယာ မရှိတာတွေကြောင့်လည်း အကူ အညီ တွေရောက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့တွေက လူတွေရဲ့ အသက်ကယ်ဆယ်ရေးအလုပ်တွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အာဟာရကိစ္စတွေကို အတတ်နိုင်ဆုံးရောက်အောင် ကြိုးစားလုပ်ဆောင်နေပြီး ယူနက်ဆက်ရဲ့ ရန်ပုံငွေကလည်း ၂၀၂၄ အတွက် တောင်းထားတဲ့ ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းအောက်ပဲရှိတယ်လို့ သူကဆိုပါတယ်။

အချုပ်အနေနဲ့ ပဋိပက္ခ ဖြစ်နေတဲ့ဒေသတွေမှာ ကလေးကိုကာကွယ်ဖို့၊ လုံခြုံအောင် ဆောင်ရွက်ပေးဖို့နဲ့ လူသားချင်း စာနာမှုအကူအညီကို အတားအဆီးမလုပ်ဖို့ အဖွဲ့အားလုံးကို တိုက်တွန်း ကြောင်းပြောဆိုထား ပါတယ်။

Photo – Unicef

ဆက်စပ် သတင်းများ

Most read