Homeပြည်တွင်းသတင်းအိုးဘိုးအကျဉ်းထောင်အတွင်းမှာ အကျဉ်းချခံနေရတဲ့ NLD ပါတီဝင်နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေကျဆုံး

အိုးဘိုးအကျဉ်းထောင်အတွင်းမှာ အကျဉ်းချခံနေရတဲ့ NLD ပါတီဝင်နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေကျဆုံး

၉ ဇူလိုင် ၂၀၂၅

မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်းမှာ အကျဉ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံ ရေးအကျဉ်းသား ဦးမြင့်ဝေဟာ မနေ့က ဇူလိုင် ၈ ရက် မနက်အစောပိုင်းမှာ အူ အတက်ပေါက်ရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အ ကျဉ်းသားများကွန်ရက်(PPNM) အသိ ပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ အသက် (၅၉)နှစ်အရွယ် ဦးမြင့်ဝေကို ပုဒ်မ ၅၀၅ (က) ၅၀(က)နဲ ၆၁ စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ်(၁၉)နှစ် ကျခံနေရတဲ့သူ တစ်ဦးဖြစ်ပါတယ်

သူဟာ ဇူလိုင်လ ပထမပတ်ကနေစလို့ ဗိုက်အောင့်ဝေဒနာကို ပြင်းထန်စွာခံစားရတဲ့အတွက် ဆေးဝါးကုသခွင့်ရဖို အကြိမ် ကြိမ်ကြိုးစားခဲ့ပေမယ့် ပုံမှန်ဗိုက်အောင့်တာဖြစ်တာလို့ဆိုပြီး ဆေးကုသခွင့်မပေးတာဖြစ်တယ်လို့ခိုင်မှာတဲ့အချက်အလက်တွေအရ သိထားရတယ်လို့ PPNM ကဖော်ပြထားပါတယ်။

ဗိုက်အောင့်ဝေဒနာ အလွန်ဆိုးရွားလာတဲ့အချိန်ရောက်မှသာ ပြင်ပဆေးရုံကို ပို့ ဆောင်ခဲ့ပြီး ဆေးရုံရောက်ချိန် တစ်ပတ်ခန့်နောက်ကျခဲ့ရတာကြောင့် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အကျဉ်းသားများရဲ့ အခွင့်အရေးအရ ထောင်တွင်းဆေးဝါးကုသတာနဲ့ ဆေးဝါးလုံလောက်စွာထားရှိဖို့ ၊ ကျန်းမာရေးအရ စိုးရိမ်ရသူတွေကို ပြင်ပဆေးရုံကိုအချိန်နဲ့တပြေးညီပို့ဆောင်ပေးဖို့ PPNM အနေနဲ့ တောင်းဆိုနေဆဲ‌ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို တောင်းဆိုပေမယ့် အကျဉ်းဦးစီး ဌာနက လိုက်ပါလုပ်ဆောင်တာမရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသား၊ အ ကျဉ်းသူ နှစ်စဉ်ပျမ်းမျှ(၂၅)ဦး‌လောက်ဟာအသက်ဆုံးရှုံးနေရ တယ်လို့ အသိ ပေးချက်အရ သိရပါတယ်။

ဓာတ်ပုံ-မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး