Homeပြည်တွင်းသတင်းအိုးဘိုအကျဥ်းထောင်မှာ ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသခွင့်ကန့်သတ်

အိုးဘိုအကျဥ်းထောင်မှာ ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသခွင့်ကန့်သတ်

ဧပြီ ၊ ၂၀၂၅

မန္တလေး အိုဘိုအကျဉ်းထောင်အတွင်းက ငလျင်ကြောင့်ထိခိုက်ခဲ့ရတဲ့ အကျဉ်းသားတွေအနေနဲ့ ထောင် အာဏာပိုင်တွေရဲ့ ဆေးကုသခွင့်ကန့်ခြင်းလုပ်တာကို ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က ဒီနေ့မှာထုတ်ပြန်အသိပေးထားပါတယ်။

မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်အတွင်းရှိ အမျိုးသမီးအဆောင် တွေဖြစ်တဲ့ အဆောင်(၁)/(၂) နဲ့ အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်ဆီးမှုနဲ့အတူ အမျိုးသားအဆောင် အလုပ်ရုံအပါအဝင် အဆောင်တွေနဲ့ ကာရံထားတဲ့ အုတ်ရိုးတွေပြိုကျခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ဖို့ လိုအပ်သူ (၄၀)ကျော်ရှိနေ တယ်လို့ စုံစမ်းသိရှိတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

အချို့ထိခိုက်ဒဏ်ရာတွေမှာ အကျဉ်းထောင်တွေအတွင်း ကုသဖို့မလွယ်ကူတာကြောင့် ပြင်ပဆေးရုံကို ပို့ဆောင်ဖို့ လိုအ်ပနေပေမယ့် ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရသူများစွာရှိနေသလို ထိခိုက် ဒဏ်ရာရရှိသူတွေက မိသားစုဝင်တွေနဲ့ ဆက်သွယ်တွေ့ဆုံခွင့်မရတဲ့ အခြေအနေတွေလည်း ရင်ဆိုင်ကြုံ တွေ့နေရတယ်လို့ ဆိုပါတယ်။

PPNMအနေနဲ့ ငလျင်ကြောင့် အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး(၂)ဦး သေဆုံးပြီး ကျား/မအတည်ပြုဖို့လိုအပ်ဆဲ (၁)ဦးအပါအဝင် စုစုပေါင်း(၄)ဦးသေဆုံးမှုကို အတည်ပြုထားပြီးဖြစ်ကြောင်းနဲ့ လက်ရှိ အကျဉ်းထောင်အတွင်း ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စတဲ့ ဆေးဝါးပစ္စည်း တွေလိုအပ်လျှက်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – PPNM

ဆက်စပ် သတင်းများ

Most read