Homeပြည်တွင်းသတင်းအိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား တဦးသေဆုံး

အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား တဦးသေဆုံး

၂၅ ဖေဖော်ဝါရီ၊ ၂၀၂၅

အိုးဘိုအကျဉ်းထောင်တွင်းအကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း ဟာကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့လို့ ဖေဖော်ဝါရီလ ၁၈ ရက်က အကျဉ်းထောင်မှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ကိုအောင်ထွန်း ဟာ ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ပြီး စတင်ဖမ်းဆီးခြင်းခံစဉ်က မည်သည့်ရောဂါမှ ဖြစ်ပွားခြင်းမရှိခဲ့ပဲ အိုးဘိုအကျဉ်းထောင်အတွင်းရောက်မှ ခန္ဓာကိုယ်မှာ အနာများပေါက်လာပြီး အနာပိုးဝင်ကာ ထောင်ဆေးရုံတွင်လည်း တက်‌ရောက်ဆေးကုသမှုခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုအောင်ထွန်းဟာ ထောင်‌‌ဆေးရုံတွင် တက်‌‌ရောက်ဆေးကုသမှုခံယူနေစဉ် တစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီ ၁၈ ရက်မှာပဲ အဲ့ဒီ ရောဂါနဲ့ သေဆုံးခဲ့ပြီး ရုပ်အလောင်းကိုလည်း ပြန်လည်ယူခွင့်မပြုခဲ့ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကထုတ်ပြန်ပါတယ်။

အောင်ထွန်းဟာ ၂၀၂၅ ခုနှစ် ဧပြီလ ၁၅ ရက်က မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် အမရပူရရဲတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မ ၅၀၅- က ဖြင့် အမရပူရတရားရုံးမှာ တရားစွဲဆိုခံခဲ့ရကာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၆ ရက်မှာ ထောင်ဒဏ်(၃) နှစ် ချမှတ်ခံခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read