Homeပြည်တွင်းသတင်းအိမ်နီးချင်းနိုင်ငံတွေမှာပိတ်မိနေတဲ့ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေး၊လုံခြုံရေး နဲ့ အနာဂါတ်တွေအတွက် ကူညီစောင့်ရှောက်မှုတွေပေးဖို့ ဦးကျော်မိုးထွန်းတောင်းဆို

အိမ်နီးချင်းနိုင်ငံတွေမှာပိတ်မိနေတဲ့ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေး၊လုံခြုံရေး နဲ့ အနာဂါတ်တွေအတွက် ကူညီစောင့်ရှောက်မှုတွေပေးဖို့ ဦးကျော်မိုးထွန်းတောင်းဆို

၈ နိုဝင်ဘာ၊၂၀၂၄

အိမ်နီးချင်းနိုင်ငံတွေမှာ ပိတ်မိနေတဲ့ မြန်မာပြည်သူတွေရဲ့ လုံခြုံရေး ၊ ကျန်းမာရေးနဲ့ အနာဂတ်အတွက် အကူ အညီနဲ့ စောင့်ရှောက်မှုတွေပေးအပ်ဖို့ နိုင်ငံတကာနဲ့ကုလသမဂ္ဂကို မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိတဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီ လာခံ၊ အစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ အပြန် အလှန် ဆွေးနွေးတဲ့ အစီအစဉ်မှာ အခုလိုတောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ယုတ်ရင်းရက်စက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ၊ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေ၊ အကြမ်း ဖက်မှုတွေနဲ့ အတင်းအကျပ် တပ်သားစုဆောင်းမှုတွေမှ လွတ်မြောက်နိုင်ဖို့ ရိုဟင်ဂျာအပါအဝင် များစွာသော မြန်မာပြည်သူတွေ အတင်းအကျပ် နေရပ်စွန့်ခွာနေရကာ ဝေးလံခေါင်ဖျားတဲ့ နေရာဒေသတွေ သို့မဟုတ် အိမ်နီး ချင်းနိုင်ငံတွေနဲ့ အခြားဒေသတွင်းနိုင်ငံတွေမှာ ခိုလှုံနေထိုင်နေရတယ်လို့ ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ လုံခြုံရေးအရ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပြန်လည်နေရာချထားရေး အခွင့်အလမ်းတွေအပါအဝင် အခြားသော မသေချာ၊ မရေရာမှုတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

၎င်းတို့အနေနဲ့ UNHCR သို့ ချဉ်းကပ်ကာ နိုင်ငံတကာ အကာအကွယ် ရရှိနိုင်ဖို့ ကြိုးပမ်းလျက်ရှိပြီး အများစုမှာ UNHCR ထံမှ ပြန်ကြားမှုကို စောင့်ဆိုင်းလျက်ရှိကာ ၎င်းတို့ အနေဖြင့် စိတ်ဒဏ်ရာများရကာ ကူကယ်ရာမဲ့ နေသ လို ခံစားနေရလျက်ရှိတယ်လို့လည်း သံအမတ်ကြီးက အသိပေး ပြောဆိုထားပါတယ်။

ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ပိတ်မိနေတဲ့အဆိုပါ မြန်မာပြည်သူတွေထံကို ၎င်းတို့ရဲ့ လုံခြုံရေး၊ ကျန်းမာရေးနဲ့ ၎င်းတို့ရဲ့ အနာဂတ်၊ ၎င်းတို့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် မည်သို့ သော အားပေးစကားနဲ့ အကူအညီ ပေးနိုင်မယ်ဆိုတဲ့ သတင်းစကားများ ပြောကြားပေးနိုင်ဖို့ကိုလည်း သံအမတ် ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ရိုဟင်ဂျာတွေ နေရပ်ကို ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် သိက္ခာရှိစွာ ပြန်လည်သွားရောက်နို င်ရေးအပါအဝင် ဒုက္ခသည်အရေး ဖြေရှင်းနိုင်ရန်မှာ ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေကြောင်းအရ တာဝန် ခံမှု ရှိစေရေး၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်နဲ့ ၎င်းတို့မတရား စစ်အာဏာသိမ်းမှု ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးတို့က အဓိကသော့ချက်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြုံပြု ပြောဆိုခဲ့တယ်လို့သိရပါတယ်။

Photo -Permanent Mission of Myanmar to the United Nations

ဆက်စပ် သတင်းများ

Most read