Homeပြည်တွင်းသတင်းအိမ်ထဲကို အချိန်မရွေးဝင်လာပြီး ခြင်ထောင်လှန်စစ်တာကို ပိတ်ပင်ထားတဲ့ ဥပဒေတွေနဲ့၊ ကြိုက်သလို ဖမ်းဆီးခွင့်ကို ပိတ်ပင်ထားတဲ့ ဥပဒေပြဌာန်းချက်တွေကို စစ်ခေါင်ဆောင်မင်းအောင်လှိုင် ပယ်ဖျက်

အိမ်ထဲကို အချိန်မရွေးဝင်လာပြီး ခြင်ထောင်လှန်စစ်တာကို ပိတ်ပင်ထားတဲ့ ဥပဒေတွေနဲ့၊ ကြိုက်သလို ဖမ်းဆီးခွင့်ကို ပိတ်ပင်ထားတဲ့ ဥပဒေပြဌာန်းချက်တွေကို စစ်ခေါင်ဆောင်မင်းအောင်လှိုင် ပယ်ဖျက်

၂ ဩဂုတ် ၂၀၂၅

နေအိမ်တွေမှာသက်သေမပါဘဲ ဝင်ရောက်ဖမ်းဆီးစစ်ဆေးတာတွေ၂၄ နာရီ ထက်ကျော်လွန်ပြီး ချုပ်နှောင်ခွင့်မပြုဖို့အချက်တွေပါဝင်တဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးထားတဲ့(နိုင်လွတ်လုံ)ဥပဒေထဲက အချက်သုံးချက်ကို စစ်ကော်မရှင်ကတစ်ဖက်သတ်ရပ်ဆိုင်းလိုက်ပါတယ်။

နိုင်လွတ်လုံဥပဒေထဲက ရပ်ဆိုင်းလိုက်တဲ့ပုဒ်မသုံးခုဟာ ပုဒ်မ ၅ ၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တွေဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်‌ပေးရေးဥပဒေကိုပြင်ဆင်တယ်ဆိုပြီး စစ်ခေါင်း ဆောင်က ထုတ်ပြန်လိုက်တာဘဲဖြစ်ပါတယ်။

ပုဒ်မ ၅ မှာ လူတစ်ယောက်ရဲ့နေအိမ်၊ အခန်း၊ အဆောက်အအုံ၊ ပရဝဏ်တွေထဲကို ဥပဒေအရ ဝင်ရောက်ရှာဖွေ သိမ်း ဆည်းမယ် ဒါမမဟုတ်လူတစ်ဦးဦးကို ရှာဖွေဖမ်းဆီးမယ်ဆိုရင် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တာဝန်ခံ၊ ဆယ်အိမ်မှူးတစ်ဦး ဦးအပြင် အနည်းဆုံး သက်သေ နှစ်ယောက် ပါရမယ်လို့ ပြဌာန်းထားတာပါ။

ဒါကို စစ်ခေါင်းဆောင်က ပြင်ဆင်ခြင်းအားဖြင့် နိုင်ငံသားတစ်ယောက်ရဲ့ လွတ် လပ်မှု၊ လုံခြုံမှုတွေ ဆုံးရှုံးမှာဖြစ်သလို ကိုယ့်နေအိမ်၊ ပရဝဏ်တွေထဲကို သက် သေမပါဘဲ ဝင်ရှာခံရမှာ ဖြစ်ပါတယ်။

ထို့အတူဘဲ ပုဒ်မ ၇ မှာဆိုရင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုထားတဲ့ ကိစ္စကလွဲပြီး တရားရုံးရဲ့ ခွင့်ပြုချက် မရှိဘဲ ဘယ်သူမှ ၂၄ နာရီ ထက်ကျော်လွန်ပြီး ချုပ်နှောင်ခွင့် မပြုရဆိုတဲ့ အချက်ကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၈ ဆိုရင်လည်း နိုင်ငံသားတစ်ဦးပိုင်ဆိုင်တဲ့နေအိမ်နဲ့ ပရဝဏ်တွေမှာ တရားဥပဒေနဲ့အညီ ခွင့်ပြုမိန့်၊ ခွင့်ပြု ချက် ဝရမ်းမပါဘဲ ဝင်ရောက်စစ်‌ဆေးတာ၊ဖမ်းဆီးတာ၊သိမ်းဆည်းတာတွေမပြုလုပ်ဖို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် လူတစ်ဦးရဲ့ နောက်ကိုနောက် ယောင်ခံလိုက်တာ၊ စုံစမ်းတာတွေမလုပ်ဖို့နဲ့ ဖုန်းပြောတာတွေကို ကြားဖြတ်နား ထောင်တာ၊ တနည်းနည်းနဲ့ အနှောင့် အယှက်ပေးတာ၊ အော်ပရေတာတွေဆီကနေ သတင်းအချက်အလက် တောင်းယူတာ၊ ပါဆယ်အိတ်၊ စာအိတ်တွေကို ဖွင့်ဖောင့်ဖတ်တာတွေ၊ ဖျက်ဆီးတာတွေမလုပ်ဖို့ ပြဌာန်းထားပါတယ်။

သို့သော် ဒီလိုပြဌာန်းထားတဲ့အချက်တွေကို စစ်ခေါင်းဆောင်က ရုပ်သိမ်းလိုက်ပြီးလားရာဥ‌ပဒေကို ပြင်ဆင်လိုက်တာကြောင့် မထင်ရင်မထင်သလို စစ်ဆေးသွားတော့မှာဖြစ်တယ်လို့ New Day Myanmar က နားလည်ရပါတယ်။

စစ်ခေါင်းဆောင် ပြင်ဆင်လိုက်တဲ့ အဲဒီ နိုင်လွတ်လုံဥပဒေကို အရပ်သားအစိုးရလက်ထက် သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ်အတွင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က လွှတ်တော်ပေါ်မပေါက်မီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို ကျင့်သုံးနေတဲ့ ကာလအတွင်း အကျုံးဝင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး