Homeနိုင်ငံတကာသတင်းအိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရွေးကောက်ပွဲ မိုဒီအနိုင်ရ

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရွေးကောက်ပွဲ မိုဒီအနိုင်ရ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရက်တစ်ရွေးကောက်ပွဲကြီးမှာ  မဲပေါင်း ၆၄၂ သန်းကျော်နဲ့ လက်ရှိ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီကပဲ အနိုင်ရသွားပြီ ဖြစ်ပါတယ်။

နရန်ဒရာ မိုဒီရဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့ဟာ  အင်္ဂါနေ့ (ဇွန် ၄ ရက်) မှာ နောက်ဆုံးကျင်းပခဲ့တဲ့ အိန္ဒိယ နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ အနိုင်ရခဲ့ပေမယ့်လည်း အရင်ရွေးကောက်ပွဲတွေလို မဲအပြတ်အသတ်အနိုင်ရတာမျိုးမရှိဘူးလိုသိရပါတယ်။

အခုလို မိုဒီ အာဏာပြန်ရခဲ့တာဟာ လူဦးရေသန်း၂၀၀ အထိရှိတဲ့ မွတ်စလင်တွေအတွက်တော့စိုးရိမ်စရာတွေ ဖြစ်နေပါတယ်။ အကြောင်းက လူနည်းစုအပေါ် ခွဲခြားဆက်ဆံခံရမယ့် အရေးကြောင့်ပါ။

မိုဒီရဲ့ ဘီဂျေပီပါတီက ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က  ပါလီမန်အမတ်အများစုကို အနိုင်ရခဲ့တဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်ဝက်ဘ်ဆိုက်မှာ ဇွန် ၄ရက်  အင်္ဂါနေ့နှောင်းပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

“ကျနော်တို့ရဲ့ တတိယသက်တမ်းဟာ  ကြီးမားတဲ့ ကိစ္စ  တစ်ခုဖြစ်ပြီး နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စာမျက်နှာသစ်ကို ရေးကြရတော့မှာ ဖြစ်ပါတယ်” ဆိုပြီး တိုင်းပြည်ကို မိုဒီက အာမခံစကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: AFP

ဆက်စပ် သတင်းများ

Most read