Homeနိုင်ငံတကာသတင်းအိန္ဒိယက ဘာသာရေးပွဲမှာ လူအုပ်ပြိုကျမှုကြောင့်လူ ၁၁၆ ဦး သေဆုံး

အိန္ဒိယက ဘာသာရေးပွဲမှာ လူအုပ်ပြိုကျမှုကြောင့်လူ ၁၁၆ ဦး သေဆုံး

၃ ဇူလိုင်၊ ၂၀၂၄

အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်မှာ ဇူလိုင် ၂ ရက်နေ့က ကျင်းပတဲ့ ဟိန္ဒူဘာသာရေးပွဲတစ်ခုအတွင်း လူအုပ်ပြိုကျမှုကြောင့် ပရိသတ် ၁၁၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အိန္ဒိယနိုင်ငံအတွက် အဆိုးရွားဆုံး လူအုပ်ပြိုကျမှုဖြစ်ပါတယ်။

အဲ့ဒီပွဲကို သက်ဆိုင်ရာက ခွင့်ပြုထားတဲ့ ပရိသတ်အရေအတွက် ၈၀,၀၀၀ ဖြစ်ပေမယ့်၊ အဲ့ဒီနေ့က ပရိသတ် ၂၅၀,၀၀၀ အထိ တက်ရောက်လာခဲ့ပြီး ခွင့်ပြုထားတဲ့ အရေအတွက်ထက် သုံးဆပိုများခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ပွဲပြီးနောက်မှာတော့ ကွင်းထဲမှာ အဝတ်အစားနဲ့ ဖိနပ်တွေ ရွံနွံတွေအပြည့်နဲ့ နေရာအနှံ့ပြန့်ကျဲနေတယ်လို့ အသက်ရှင်ကျန်ခဲ့တဲ့ မျက်မြင်တွေက ပြောပါတယ်။ တချို့က ကုန်းစောင်းတစ်ခုကနေ ရေဝင်နေတဲ့ မြောင်းထဲကို တစ်ယောက်အပေါ်တစ်ယောက် ပြိုကျကုန်တာလို့ ဆိုပါတယ်။

တရားဟောဆရာရဲ့ ခြေရာအနားက မြေဆီလွှာကို လက်တစ်ဆုပ်စာရဖို့ ကြိုးစားကြရာကနေ အခုလို ဝမ်းနည်းစရာ ဖြစ်ရပ်ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read