အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအတွင်းက ပါကစ္စတန်အုပ် ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို ဒုံးကျည်များနဲ့ မေလ၇ ရက် မနက်အေစာပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
အိန္ဒိတိုယအစိုးရက “ဆင်ဒူးစစ်ဆင်ရေး” လို့အမည်ပေးပြီး ပါကစ္စတန်နိုင်ငံအတွင်းက အကြမ်းဖက်သမားတွေ ခိုအောင်းတဲ့နေရာ ၉ ခုကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသထဲက အပန်းဖြေစခန်းတစ်ခုမှာ ပြီးခဲ့တဲ့ ပါကစ္စတန်နိုင်ငံက စစ် သွေးကြွတွေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လာရောက်အပန်းဖြေတဲ့သူ ၂၆ဦး သေဆုံးခဲ့ရပြီး သေဆုံးသွားသူတွေထဲမှာ အိန္ဒိယနိုင်ငံသားအများစုပါဝင်ခဲ့တယ်လို့ အိန္ဒိယ ပြောကြားထားပါတယ်။
အိန္ဒိယရဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၈ ဦးသေဆုံးခဲ့ရတာကြောင့် ပါကစ္စတန်နိုင်ငံဖက်ကလည်း လက်တုန့်ပြန်တိုက်ခိုက်ဖို့ စီစဥ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံတို့အကြားက စစ်ရေးအရတင်းမာနေမှုကို လျော့ချနိုင်ဖို့အတွက် အမေရိကန်သမ္မတနဲ့ကုလသမ္မဂအတွင်းရေးမှူးချုပ်တို့ကလည်း တိုက်တွန်းပြောဆိုထားတယ်လို့ သိရပါတယ်။