၁၅ ဇန်နဝါရီ၊ ၂၀၂၅
စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့ပတ်သက်ပြီး ပုန်ကန်သောင်းကျန်းမှုစွပ်စွဲချက်နဲ့ စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ယိုးကို ဇန်နဝါရီ ၁၅ရက် ဗုဒ္ဓဟူးနေ့မှာ တောင်ကိုရီးယားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ယိုးကို ဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့ပတ်သက်ပြီး ပုန်ကန်သောင်းကျန်းမှုစွပ်စွဲချက်နှင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ဗုဒ္ဓဟူးနေ့မနက်ခင်းမှာ သူ့ရဲ့ အိမ်တော်ထဲကို ရဲတပ်ဖွဲ့အရာရှိ ၃၀၀၀ကျော် သူ့ကိုဖမ်းဆီးဖို့ ဝင်ရောက်လာပြီးနောက်အကြမ်းဖက်မှုတွေဖြစ်မှာစိုးရိမ်လို့ အဖမ်းခံလိုက်တယ်လို့ သမ္မတရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
အဖမ်းခံရပြီးနောက် ယွန်ဟာ အဲ့ဒီ စုံစမ်းစစ်ဆေးမှုတွေကို တရားမ၀င် ဘူးလို့ ထပ်မံငြင်းဆိုခဲ့ပြီး ဒီနိုင်ငံမှာ ဥပဒေ ပျက်နေပြီလို့ ဗုဒ္ဓဟူးနေ့မှာ ကြိုတင်မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုမက်ဆေ့ချ်မှာ ဖော်ပြထားပါတယ်။