Homeပြည်တွင်းသတင်းအာဏာသိမ်းပြီးနောက်ပိုင်း သုံးယောက်မြောက်ရေတပ်ချုပ် ရာထူးက နုတ်ထွက်

အာဏာသိမ်းပြီးနောက်ပိုင်း သုံးယောက်မြောက်ရေတပ်ချုပ် ရာထူးက နုတ်ထွက်

၁၂ ဇူလိုင်၊ ၂၀၂၄

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ သုံးယောက်မြောက် ရေတပ်ချုပ်ဖြစ်တဲ့ ကာကွယ်ရေးဦး စီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် ရာထူးက ဖယ်ရှားခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး တချို့သတင်းတွေအရ ရေတပ်ချုပ်ဘက်က နှုတ်ထွက်စာတင်တယ်လို့လည်း သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ရဲ့နေရာကို အစားထိုးဝင်ရောက်လာတဲ့ ဒုတိယ ဗိုလ် ချုပ်ကြီး ဇွဲဝင်းမြင့်ဟာ ဒီရာထူးမှာ ၆ လကျော် တာဝန်ထမ်းဆောင်ပြီးနောက် နုတ်ထွက်ရတဲ့အတွက် သုံးနှစ်ကျော်အတွင်း ရေတပ်ချုပ် သုံးဦးအထိ အပြောင်းအလဲ ရှိခဲ့တာဖြစ်ပါတယ်။

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီးမိုးအောင်ဟာ ဒီနှစ် ဇန်နဝါရီလက စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ဝန်ကြီး အဖြစ်ပြောင်းလဲ ခန့်အပ်ခံရတဲ့အတွက် ဒုဗိုလ်ချုုပ်ကြီး ဇွဲဝင်းမြင့်ဟာ ရာထူးတိုးလာတာဖြစ်ပါတယ်။

သူ နှတ်ထွက်စာတင်ရတဲ့ အကြောင်းရင်းက သံတွဲ အပါအဝင် ရခိုင်ကမ်းရိုးတန်းမှာ အာရက္ခတပ်တော်AA ကို စစ်ရှုံးတဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရင်ရေချုပ်ဟောင်းတွေ ဖြစ်တဲ့ ဗိုလ်ချုုပ်ကြီးတင်အောင်စန်းကို ကာကွယ်‌ရေးဝန်ကြီးအဖြစ် ခန့်အပ်ထားပြီး ဗိုလ်ချုပ်ကြီးမိုးအောင်ကိုလည်း အမျိုးသား လုံခြုံရေးကောင် စီရဲ့ အကြံပေးနဲ့ စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ဝန်ကြီး အဖြစ် ခန့်အပ်ထားပါတယ်။

Photo- စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read