Homeပြည်တွင်းသတင်းအာဏာသိမ်းခဲ့တဲ့ လေးနှစ်အတွင်း စစ်တပ်က ထိပ်ပိုင်းနေရာတွေကို ၂၆ ကြိမ်ထက်မနည်းအပြောင်းအလဲလုပ်ခဲ့

အာဏာသိမ်းခဲ့တဲ့ လေးနှစ်အတွင်း စစ်တပ်က ထိပ်ပိုင်းနေရာတွေကို ၂၆ ကြိမ်ထက်မနည်းအပြောင်းအလဲလုပ်ခဲ့

၂၀ ဇန်နဝါရီ ၊၂၀၂၅

အာဏာသိမ်းခဲ့တဲ့ လေးနှစ်တာကာလအတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်အတွင်းက ရာထူးကြီးထိပ်ပိုင်းနေရာတွေကို အပြောင်းအလည်း (၂၆) ကြိမ်ထက်မနည်း ပြောင်းလဲလုပ်ခဲ့တယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

စစ်ခေါင်းဆောင်ဟာ ၎င်းအာဏာသိမ်းခဲ့တဲ့ လေးနှစ်အတွင်း စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေကို ၁၃ ကြိမ်ထက် မနည်းအပြောင်းအလဲလုပ်ခဲ့သလို အဲဒီအထဲမှာ နေပြည်တော် စစ်တိုင်းကိုကွက်ရတဲ့ ကထစ-၆ ကို ငါးကြိမ် အပြောင်းအလည်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်အတွင်း ရာထူးအပြောင်းအလဲများဆက်တိုက်ဖြစ်ပေါ်ခဲ့ပေမယ် ၁၀၂၇ စစ်ဆင်ရေးစ တင်ခဲ့ ပြီးနောက်ပိုင်း တိုက်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေ ထိန်းချုပ်နိုင်မှု ပမာဏ ပိုမိုများလာခဲ့ပြီး နယ်စပ်တစ်လျှောက်ရှိ နယ်မြေအများစုကို ထိန်းချုပ်နိုင်ခဲ့ကြီပြီး မြို့ပေါင်း ၉၁ အထိ သိမ်းယူနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်းဆိုထားပါတယ်။

လက်ရှိ ISP Myanmar ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီရဲ့ အခြေဆိုက်စခန်းပေါင်း (၁၇၄) ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပြီး အများစုမှာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြနယ်တို့မှဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဆိုပါအရေအတွက်အတွင်း ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ တိုင်းစစ်ဌာချုပ် နှစ်ခု အပါအဝင် အခြေစိုက်စခန်းပေါင်း (၁၄၁)ခုထက်မနည်းကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန် ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – ISP Myanmar

ဆက်စပ် သတင်းများ

Most read