မလေးရှားနိုင်ငံမှာ ပြုလုပ်တဲ့ Stake- holder Engagement Meetings on Myanmar (SEMs)ဆွေးနွေးပွဲမှာ အာဆီယံ ဥက္ကဋ္ဌ မလေးရှားနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)အပါ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့တို့ တက်ရောက်ခဲ့ကြတယ်လို့ ယနေ့ အောက်တိုဘာ ၁၁မှာ အမျိုးသားညီညွှတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
ဒီလိုတွေ့ဆုံတာဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားသည် အောက်တိုဘာ ၉ ရက်က နေပြည်တော်ကိုနေ့ချင်းပြန် စစ်ကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံတဲ့ခရီးစဉ်အပြီးမှာတွေ့ဆုံကြတာဘဲဖြစ်ပါတယ်။
အဲဒီနွေးနွေးပွဲမှာအာဆီယံဘုံသဘောတူညီချက် ၅ချက်ကိုထိရောက်စွာအကောင် အထည်ဖော်နိုင်ဖို့ ၊ စစ်ကော်မရှင် ပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့် ကျင်ဖို့၊ စစ်တပ်ရဲ့ပြည်သူတွေ အပေါ် အကြမ်းဖက်နေတာတွေချက်ချင်းရပ် တန့်ဖို့ ၊ လူသားချင်းစာနာမှုအကူအညီတွေနဲ့နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပေးဖို့၊ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါနိုင်ငံရေးအကျဉ်းသားတွေချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
အာဆီယံ ဥက္ကဋ္ဌအနေနဲ့လည်း အာဆီယံရဲ့ အခြေခံမူတွေကို ထပ်မံအတည်ပြုပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကတိ ကဝတ်တွေကို အလျှော့အတင်းမရှိဘဲ ပြတ် ပြတ်သားသား ဆက်လက်ဦးဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ဟာ မလေးရှားနိုင်ငံခြား ရေးဝန်ကြီး မိုဟာမက်ဟက်ဆန်ရဲ့ နေပြည် တော် နေ့ချင်း ပြန်ခရီးစဉ်အတွင်း တွေ့ဆုံပြီးနောက်မှာ ရွေးကောက်ပွဲကို ဝမ်းမြောက်ဝမ်းသာနဲ့ ပူးပေါင်းဆောင် ရွက်မယ်လို့ ပြောဆိုခဲ့တယ်ဆိုပြီး စစ်တပ်က ဝါဒဖြန့်ထားပါတယ်။
တကယ်တမ်းမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ် ကြောင်း၊ ရွေးကောက်ပွဲကို လွတ်လပ် မျှတ ပွင့်လင်းမြင်သာ ယုံကြည်ရတဲ့ လုပ်ငန်းစဉ်တွေနဲ့ဆောင်ရွက်ရမှာဖြစ် ကြောင်း၊ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအားလုံးပါဝင်ပြီးနိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်မှုနဲ့သာ ကျင်း ပသင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ-NUG


