Homeပြည်တွင်းသတင်းအာဆီယံ- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်

အာဆီယံ- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်

၁၁ အောက်တိုဘာ၊၂၀၂၄

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ဒီကနေ့ ကျင်းပနေတဲ့ အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ကို မြန်မာကိုယ်စားပြု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်နေတယ်လို့ သိရပါယ်။

ညီလာခံအတွင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ကိုးကင်ဟောင်က အာဆီယံ-အမေရိကန် လက်ထက်တွင် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ အကောင်အထည်ဖော်ရေး အပါအဝင် လူနေမှုဘဝများ တိုးတက်ကောင်းမွန်လာစေရန် AI နည်းပညာတွေ အပါအဝင် သိသာထင်ရှားသော အလားအလာတွေကို အသိအမှတ်ပြု ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သံတမန်ရေးရာ ပံ့ပိုးပေးမှုတွေနဲ့အတူ စစ်ကောင်စီကို ဖိအားပေးသွားမှာဖြစ်တယ်လို့ ပြောဆိုထားတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဆိုးရွားနေတဲ့ ပြည်တွင်းစစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ မျှော်လင့်ထားပြီး စစ်တပ်ကစီစဉ်ထားတဲ့ ရွေးကောက်ပွဲမတိုင်မီ ထိတွေ့ဆက်ဆံမှု တိုးမြှင့်ဖို့ ထိုင်းက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို ကူညီဖြေရှင်းပေးဖို့ ကြိုးစားတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို လူသားချင်းစာနာတဲ့အကူအညီပေးနေတာကို ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီဘလင်ကန်က ပြောဆိုထားပါတယ်။

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံမှာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေကို အောက်တိုဘာ ၈ ရက်မှ ၁၁ ရက်ထိ ကျင်းပနေခြင်းဖြစ်ပါတယ်။

Photo – Association of Southeast Asia Nation, RTVM

ဆက်စပ် သတင်းများ

Most read