Homeပြည်တွင်းသတင်းအာဆီယံရေတပ်ဦးစီးချုပ်တွေနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံဆွေးနွေး

အာဆီယံရေတပ်ဦးစီးချုပ်တွေနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံဆွေးနွေး

၁၁ အောက်တိုဘာ၊ ၂၀၂၄

(၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးကို တက်ရောက်မယ့် အာဆီယံရေတပ် အကြီးအကဲတွေနဲ့ ကိုယ်စားလှယ်တွေ နေပြည်တော်ကိုရောက်ရှိနေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အောက်တိုဘာ ၁၀ရက်က တွေ့ဆုံဆွေးနွေးတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာနတွေက ဖော်ပြပါတယ်။

(၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံက ရေတပ်အကြီးအကဲတွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးတဲ့အထဲမှာ အာဆီယံဒေသအတွင်း ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်တွေနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ ကျင့်မှု တွေကို ဆောင်ရွက်သင့်တာတွေကို ပြောပါတယ်။

သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးတာတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေး အတွေ့အကြုံတွေကို အပြန်အလှန်ဖလှယ်နိုင်ဖို့ ကိစ္စတွေနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ အာဆီယံရေတပ်တွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့လည်း ပြောခဲ့ပါတယ်။

အာဆီယံဟာ မြန်မာ့အရေးမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မယ်လို့ ကြေညာထား ပေမယ့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ခွင့်ရမယ့် အစည်းအဝေး ၁၉ ခုကို စီစဉ်ထားပါတယ်။

ဒီလို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပေးပြီး စစ်ခေါင်းဆောင်နဲ့ အာဆီယံအဖွဲ့ဝင်တွေကြား အပြန်အလှန်ဆက် ဆံမှုရှိတာက အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုရာရောက်တဲ့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကန့်ကွက်ထားပါတယ်။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read