Homeပြည်တွင်းသတင်းအဝေးရောက် အစိုးရမဖြစ်ဖို့ NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြည်လာကြဖို့ NUG ယာယီသမ္မတတိုက်တွန်း

အဝေးရောက် အစိုးရမဖြစ်ဖို့ NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြည်လာကြဖို့ NUG ယာယီသမ္မတတိုက်တွန်း

၂၇ နိုဝင်ဘာ၊၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အေနနဲ့ အဝေးရောက်အစိုးရ မဖြစ်ဖို့ NUG အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပြည်တွင်းမှာ လာစုကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်က အွန်လိုင်းကနေ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။

မြေပြင်မှာ လက်တွေ့ အင်အားတည်ဆောက်ဖို့ ရည်ရွယ်သလို နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အချိန်ယူသင့် တာနဲ့ ‌ပေးသင့်တာထက် ‌ပေးခဲ့ပြီးတာ‌ကြောင့် လို့ သူက ‌ပြောပါတယ်။

“ ကျွန်တော်တို့ NUG အစိုးရက အဝေးရောက်အစိုးရ ဖြစ်လို့ မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ ကျွန်တော်တို အစိုးရအဖွဲဝင်တွေအားလုံး အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက် တွေ့ကျကျ လုံ့လထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလိုလည်း ပြောနိုင်သလို အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလိုလည်း ပြောနိုင်ပါတယ်” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

ယာယီသမ္မတက လတ်တလောကာလမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ နဲ့ စစ်ကောင်စီ နှစ်ဖက် စလုံးမှာ တရုတ်ဖိအားကြုံနေရတယ်လို့လည်း မိန့်ခွန်းထဲထည့်သွင်းပြောကြားခဲ့ပြီးNUG ဝန်ကြီးဌာနအသီးသီးက မဟာဗျူဟာဆွေးနွေးချက်တွေလုပ်နေပြီး လာမယ့် ၂၀၂၅ခုနှစ် အပြင် နောင် ၅ နှစ်တာကာလအထိ တွက်ချက်ချိန် ဆတာတွေရှိသင့်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read