Homeနိုင်ငံတကာသတင်းအလှမယ်တွေကို ချေမငံဆက်ဆံလို့ မယ်စကြာဝဠာပြိုင်ပွဲမှာ နဝပ် လုပ်ပိုင်ခွင့်လျော့ချခံရ

အလှမယ်တွေကို ချေမငံဆက်ဆံလို့ မယ်စကြာဝဠာပြိုင်ပွဲမှာ နဝပ် လုပ်ပိုင်ခွင့်လျော့ချခံရ

၅ နိုဝင်ဘာ ၂၀၂၅

အလှမယ်တွေ အပေါ်ရိုင်းစိုင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲတာဝန်ရှိသူ နဝပ် အစ်ဆာရာဂရီဆယ်ရဲ့ ဝင်ရောက်စွက်ဖက်ခွင့်ကို ကန့်သတ်လိုက်တယ်လို့ မယ်စကြဝဠာအဖွဲ့ (MUO) ပူးတွဲပိုင်ရှင် ရာအူးလ်က ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ကြော်ငြာ ရိုက်ကူးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နဝပ် နဲ့ မက္ကဆီကို အလှမယ်ကြား အငြင်းပွားမှုစတင်ခဲ့ရာကနေ နဝပ်ရဲ့ အော်ဟစ်ကြိမ်းမောင်းမှုကြောင့် မက္ကဆီကို အလှမယ်နဲ့အလှမယ်အချို့ ခန်းမထဲမှ ထွက်ခွာသွားခဲ့ကြပြီး လူမှုကွန်ယက်မှာပါ ပျံ့နှံ့လာခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နဝပ်က live လွှင့်ဖြေရှင်းခဲ့ပြီးနောက် အလှမယ်တွေရဲ့ သဘောအတိုင်းသာ လုပ်ဆောင်မယ်လို့ ပြောခဲ့သလို မယ်စကြဝဠာအဖွဲ့ ကလည်း အခုလို အမျိုးသမီးတွေကို လေးစားမှုမရှိ စော်ကားတဲ့အပြုအမှုမျိုးကို ရှုံ့ချကြောင်း ပြောဆိုခဲ့တယ်လို သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး