Homeပြည်တွင်းသတင်းအလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၁၀ ဦး ထပ်တိုးအမှုဖွင့်ခံရ

အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၁၀ ဦး ထပ်တိုးအမှုဖွင့်ခံရ

၁၅ စက်တင်ဘာ၂၀၂၅

၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့ တရားစွဲဆိုခံထားရတဲ့ အလုပ် သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၁၀ ဦးကို အသင်းဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ – ၄၀၊ ၄၁ နဲ့ ထပ်တိုးအမှုဖွင့်တရားစွဲဆိုလိုက်တယ်လို့ ဒေါ်မျိုးမျိုးအေးနဲ့ နီးစပ်သူတဦးက New Day Myanmar ကိုပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၅ ရက်မှာ ရွှေပြည်နယ်မြိူ့နယ်တရားရုံးကို အင်းစိန်အကျဉ်းထောင်ကနေ ရုံးထုတ်လာပြီးနောက် တရားလို ဦးသီဟနိုင်ဆိုသူက ထပ်တိုးတရားစွဲဆိုခဲ့တာလို့ သိရပါတယ်။

“ပထမ အမှုနဲ့က ရမန်ယူထားတာပြည့်တော့မယ်။ နောင်တို့အမှုကတော့ တရားမဝင်သင်းပင်းဖွဲ့စည်းတယ်ဆိုပြီးထပ်ဆွဲတာ၊ ဒါက မလွှတ်ချင်လို့ကို သက်သက်ဆွဲတဲ့သဘောဘဲ။ တစ်ဦးချင်းစီကို သီးခြားဖွင့်တာလား ဒေ့်မိုးမျိုးအေးက်ုဘဲဖွင့်တာလားဆိုတာ စုံစမ်းနေဆဲပါ “လို့ New Day Myanmar ရဲ့ သတင်းရင်းမြစ်က မှတ်ချက်ပြု ပြောပါတယ်။

ဒါအပြင် ဒီကနေ့ ရုံးထုတ်မှာ ခြေချုပ်နှင့်ခံဝန်အက် ဥပဒေပုဒ်မအမှုအတွက် တရားလိုပြ သက်သေကို ရွှေပြည်သာမြို့နယ်က စစ်ဆေးခဲ့ကြပြီး၊ လာမဲ့

စက်တင်ဘာ ၂၂ ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါအဖွဲ့ဝင်တွေကို အမြန်ဆုံးပြန် လည်လွှတ်ပေးဖို့ ပြည်တွင်းကအလုပ် သမားသမဂ္ဂအဖွဲ့တွေနဲ့ နိုင်ငံတကာ အ လုပ်သမားအဖွဲ့အစည်းတွေကလည်း တောင်းဆိုထားပါတယ်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို ဇူလိုင်လ ၂၅ရက် ည ၉ နာရီ ခွဲအချိန်မှာသူမနေထိုင်ရာ ရွှေပြည်သာမြို့နယ် နေ အိမ်ကို လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ အောင်သပြေစစ်ကြောရေးကို ‌‌ ‌ရွှေ့ပြောင်းစစ်‌ဆေး‌ပြီးနောက် ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့ ရုံးထုတ်စစ်ဆေးခံနေရတာဖြစ်ပါတယ်။

စစ်ကော်မရှင်က ဖမ်းဆဖိးထားတဲ့ ဒေါ်မျိုးမျိုးအေးအပါ ၁၀ ဦးအနက် ၈ဉီးကိုရွှေပြည်နယ်မြို့နယ်တရားရူံမှာ ရုံးထုန်စစ်ဆေးနေသလို ကျန် ၂ဦးကို မြောက်ဥက္ကလာပမြို့နယ်တရားရုံးနဲ့ အင်းစိန်မြို့ နယ်တရားရုံးတွေမှာ အသီးသီး ရုံးထုတ်စစ်ဆေးနေတာဘဲဖြစ်ပါတယ်။

ဓာတ်ပုံ-STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး