Homeပြည်တွင်းသတင်းအလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၈ ဦး အာမခံလျှောက် ထားမှု ပလပ်ခံရ

အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၈ ဦး အာမခံလျှောက် ထားမှု ပလပ်ခံရ

၁၂ စက်တင်ဘာ ၂၀၂၅

အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၈ ဦး အာမခံလျှောက် ထားတာကို ရွှေပြည်သာမြို့နယ်တရားရုံးက ပလပ်(ပယ်ချ)လိုက်တယ်လို့ သွေး စည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM)ဆီကနေ သိရပါတယ်။

လွန်ခဲ့တဲ့ရက် စက်တင်ဘာ ၁ ရက် ရုံး ချိန်းမှာ အာမခံလျှောက်လဲချက်ကို ပလပ်လိုက်တာဖြစ်ပြီး ၊ လာမဲ့စက်တင် ဘာ ၁၅ ရက်မှာတရားလိုပြသက်သေတွေကိုစစ်ဆေးဖို့ ရုံးချိန်း ချိန်းဆိုထားပါတယ်။

အခုစွဲဆိုထားတဲ့ ၁၉၆၁ ခုနှစ် ပြစ်မှုကျူး လွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)ကို တပေါင်းတည်း စွဲဆိုထားတာမဟုတ်ဘဲ တဦးစီသီးခြားစွဲဆိုထားတာဘဲဖြစ်ပါတယ်။

မတရားဖမ်းဆီးခံအလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါအဖွဲ့ဝင်တွေကို အမြန်ဆုံးပြန်လည်လွှတ် ပေးဖို့ ပြည်တွင်းကအလုပ်သမားသမဂ္ဂအဖွဲ့တွေနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို ဇူလိုင်လ ၂၅ရက် ည ၉ နာရီ ခွဲအချိန်မှာသူမနေထိုင်ရာ ရွှေပြည်သာမြို့နယ် နေ အိမ်ကို လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ အောင်သပြေစစ်ကြောရေးကို ‌‌ ‌ရွှေ့ပြောင်းစစ်‌ဆေး‌ပြီးနောက် ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့ ရုံးထုတ်စစ်ဆေးခံနေရတာဖြစ်ပါတယ်။

ဓာတ်ပုံ-STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး