Homeပြည်တွင်းသတင်းအလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၈ ဦးအမှု ဒုတိယအကြိမ် အာမခံလျှောက်ထားမှု ထပ်မံပယ်ချခံရ

အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၈ ဦးအမှု ဒုတိယအကြိမ် အာမခံလျှောက်ထားမှု ထပ်မံပယ်ချခံရ

၂၈ ဩဂုတ် ၂၀၂၅

အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၈ ဦးအမှုမှာ ဒုတိယအကြိမ် အာမခံလျှောက်ထားတာကို ရွှေပြာ်သာမြို့နယ်တရားရုံး ထပ်မံပယ်ချခဲ့တယ်လို့ ဒေါ်မျိုးမျိုးအေးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ်၂၅ ရက်နေ့မှာ ဒေါ်မျိုးမျိုးအေးပါ ၈ ဦးကို အင်းစိန်အကျဉ်း ထောင်ကနေ ရွှေပြည်သာမြို့နယ်တရား ရုံးကို စွပ်စွဲခံထားရတဲ့အမှုနဲ့ ပတ်သက်လို့ ရုံးထုတ်စစ်ဆေးစဉ်မှာ အာမခံလျှောက် ထားတဲ့အပေါ် အခုလိုပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

အာမခံလျှောက်ထားတာကို ဥပဒေအရာရှိဘက်က ပယ်ချခဲ့တာဖြစ်ပြီး၊ လာမယ့် စက်တင်ဘာ ၁ ရက် ရုံးချိန်းမှာ အာမခံလျှောက်လဲချက် ပေးသင့် မပေးသင့်အတွက် ကြားနာသွားမယ်လို့သိရပါတယ်။

လတ်တလောအချိန်အထိ ဒေါ်မျိုးမျိုးအေးပါ ၈ ဦးကို အခြား ပုဒ်မတွေနဲ့ထပ်မံ တရားစွဲဆိုထားတာတော့ မရှိသေးဘူးလို့ သိရပါတယ်။

ဒေါ်မျိုးမျိုးအေးဟာ နှလုံးရောဂါ သွေးတိုးရောဂါအပြင် ဆီးချိုရောဂါကိုပါခံစားနေသူတဦးဖြစ်ပြီး၊ ယနေ့အချိန်အထိ ဆီးချိုရောဂါအတွက် ဆေးဝါးမရရှိသေးဘူးလို့ သိရပါတယ်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို ဇူလိုင်လ ၂၅ရက် ည ၉ နာရီ ခွဲအချိန်မှာသူမနေထိုင်ရာ ရွှေပြည်သာမြို့နယ် နေအိမ်ကို လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ အောင်သပြေစစ်ကြောရေးကို ‌‌ ‌ရွှေ့ပြောင်းစစ်‌ဆေး‌ပြီးနောက် ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့ ရုံးထုတ်စစ်ဆေးခံနေရတာဖြစ်ပါတယ်။

ဓာတ်ပုံ-STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး