Homeပြည်တွင်းသတင်းအလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို ဖမ်းဆီးမှု နောက်ဆက်တွဲအဖြစ် ဖမ်းဆီးခံရသူ ၈ ဦးရှိလာ

အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို ဖမ်းဆီးမှု နောက်ဆက်တွဲအဖြစ် ဖမ်းဆီးခံရသူ ၈ ဦးရှိလာ

၃၀ ဇူလိုင် ၂၀၂၅

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ အကြီးပိုင်း တာဝန်ရှိသူအမျိုးသားတဦးကို မနေ့က ဇူလိုင် ၂၉ ရက် ညပိုင်းမှာ ရန်ကုန်အထွက် ဇီးရိုးမိုင်မှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ STUM နဲ့နီးစပ်တဲ့ သူတဦးက New Day Myanmar ကို ပြောပါတယ်။

အခုဖမ်းဆီးခံရတဲ့သူ ကိုဇော်သန့်နိုင် ဆိုသူဖြစ်ပြီး၊ သူဟာ STUM အဖွဲ့ဝင်တွေဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရှောင် တိမ်းဖို့ ကြိုးစားစဉ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့အဖွဲ့ဝင်တွေ အပြင် ပတ်သက်ဆက်နွယ်သူတွေကို ပစ်မှတ်ထားဖမ်းဆီးနေတာဖြစ်ပါတယ်။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) တည်ထောင်သူ ဒေါ်မျိုးမျိုးအေးကို ဇူလိုင်လ ၂၅ ရက် ည ၉ နာရီခွဲ အချိန်ခန့်က သူမနေထိုင်ရာ ရွှေပြည်သာ နဝရတ်လမ်းနေအိမ်မှာ စစ်ကောင်စီက ဖမ်းဆီးပြီးနောက် သူမရဲ့ သမီးအပါအဝင် ၇ ဦးကို ဒုတိယအကြိမ် ဖမ်းဆီးခဲ့တာဖြစ်ပြီး အခု နောက်ထပ်တစ်ဦးပါ ဖမ်းဆီးခဲ့တာကြောင့် ဒေါ်မျိုးမျိုးအေးအပါအဝင် ဖမ်းဆီးခံရသူ ၉ ဦးရှိပြီဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေနဲ့ပတ်သက်ပြီးလက်ရှိအချိန်အထိ ဘယ်နေရာထိန်း သိမ်းခံထားရတယ် ဘာ့ကြောင့်အခုလိုဖမ်းတယ်ဆိုတဲ့ အကြောင်းအရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ- STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး