Homeပြည်တွင်းသတင်းအလယ်ပိုင်းနဲ့ တောင်ပိုင်းစစ်ဒေသတွေက တပ်ရင်း ၄ ခု MOD အောက်က နှုတ်ထွက်

အလယ်ပိုင်းနဲ့ တောင်ပိုင်းစစ်ဒေသတွေက တပ်ရင်း ၄ ခု MOD အောက်က နှုတ်ထွက်

၁၃ ဖေဖော်ဝါရီ၊ ၂၀၂၅

ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ အမှတ် ၁၀၀၅ တပ်ရင်း (SSPDF) နဲ့ အမှတ် ၁၀၀၈ တပ်ရင်း (SSRY)တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်က နှုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။

ကျားဖြူစစ်ကြောင်းနဲ့ ဂဠုန်စစ်ကြောင်းတို့က ဇန်နဝါရီ ၂၉ ရက်မှာ နုတ်ထွက်ခဲ့ပြီး အလယ်ပိုင်းစစ်ဒေသထဲက အမှတ် ၁၀၀၅ တပ်ရင်း (SSPDF) နဲ့ အမှတ် ၁၀၀၈ တပ်ရင်း (SSRY) တို့က ဖေဖော်ဝါရီ ၁ ရက်မှာ နုတ်ထွက်ခဲ့ကြပါတယ်။

လက်နက်တပ်ဆင်မပေးနိုင်မှုနဲ့ တပ်အပြောင်းအရွှေ့ကိစ္စရပ်တွေအပါအဝင် တခြားကိစ္စတွေကြောင့် အလယ်ပိုင်းစစ်ဒေသနဲ့ တောင်ပိုင်းစစ်ဒေသက တပ်ရင်း ၄ ရင်း NUG ကာကွယ်ရေးဌာန လက်အောက်ကနေ နုတ်ထွက်ခဲ့ကြပါတယ်။

နုတ်ထွက်ခဲ့ကြတဲ့တပ်တွေဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်မှာ အနည်းဆုံး ၂ နှစ်နဲ့ အများဆုံး ၃ နှစ်ကျော်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ရင်း‌တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ – NUG

ဆက်စပ် သတင်းများ

Most read