Homeပြည်တွင်းသတင်းအရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

၃ ဩဂုတ်၊ ၂၀၂၄

စစ်ကောင်စီရဲ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို MNDAA နဲ့ မဟာမိတ်တပ်တွေက ဒီနေ့ ဩဂုတ်လ ၃ ရက် မနက်ပိုင်းမှာပဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာ ခုခံနေတဲ့ စစ်ကောင်စီတပ်တွေအားလုံး စစ်ဌာနချုပ်ကို စွန့်ခွာထွက်ပြေးသွားပြီဖြစ်တယ်လို့ အဲ့ဒီ စစ်ရေး သတင်းရင်းမြစ်ကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လက်နက်ချတာမျိုးမဟုတ်ဘဲ ဌာနချုပ်ကို စွန့်ခွာပြီး နေရာပြောင်း စခန်းထိုင်ဖို့ ကြိုးစားတဲ့ အခြေအနေဖြစ်တယ်လို့ လည်း သူကပြောပါတယ်။

“လက်နက်ချတာမဟုတ်ဘူး၊ နေရာပြောင်းပြီး ခံစစ်ပြင်ဖို့ လုပ်တဲ့ သဘောပါပဲ။ ရမခကိုတော့ အပြီးသတ်ရလိုက်ပါပြီ။”လို့ သူက ဆက်ပြောပါတယ်။

မနေ့က ထွက်ပေါ်လာတဲ့ ရုပ်သံတခုအရတော့ လားရှိုး စစ်ဆေးရုံမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို MNDAA နဲ့ ပူးပေါင်တပ်တွေက ခေါ်ထုတ်ပြီး ဆေးကုပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read