Homeပြည်တွင်းသတင်းအရှေ့တီမော ကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက်ခံလိုက်ပြီ

အရှေ့တီမော ကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက်ခံလိုက်ပြီ

၂၆ အောက်တိုဘာ ၂၀၂၅

အရှေ့တီမော နိုင်ငံကို ၁၁ နိုင်ငံမြာက် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက်ခံလိုက်ပြီဖြစ်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၆ ရက်မှာ စတင်ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ ဒီနှစ် ၂၀၂၅ ခုနှစ်ရဲ့ အာဆီယံ ဥက္ကဋ္ဌမလေးရှားနဲ့ အာဆီယံနိုင်ငံတွေက ခေါင်းဆောာင်တွေက လက်မှတ်ရေးထိုး အတည်ပြုလိုက်တာဖြစ်ပါတယ်။

အရှေ့တီတီမောဟာ ဆယ်စုနှစ်တွေကြာ နယ်ချဲ့သိမ်းပိုက်မှုတွေအပြီး ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံကနေ လွတ်လပ်ရေးရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေး စတင်လျှောက်ထားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာမှာတော့ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် အာဆီယံရဲ့ လေ့လာဖက်နိုင်ငံအဖြစ် သတ်မှတ်ပေးအပ်ခဲ့ပါတယ်။

အခုတော့ အရှေ့တီမောဟာ အာဆီယံရဲ့ ၂၆ နှစ်အတွင်း အဖွဲ့ဝင် နိုင်ငံသစ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပုံစာ – ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာတွေ့ရတဲ့ တီမောဝန်ကြီးချုပ် ဆာနာနာ ဂူစ်မာအို

ဓါတ်ပုံ – Getty Images

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး