Homeပြည်တွင်းသတင်းအရေးပေါ်အရေးယူဆောင်ရွက်မှု မရှိရင် ရခိုင်ဒေသမှာ လူဦးရေ ၉၅ % က ရှင်သန်ဖို့ ခက်ခဲမယ်လို့ ကုလအစီရင်ခံစာအသစ်ထုတ်ပြန်

အရေးပေါ်အရေးယူဆောင်ရွက်မှု မရှိရင် ရခိုင်ဒေသမှာ လူဦးရေ ၉၅ % က ရှင်သန်ဖို့ ခက်ခဲမယ်လို့ ကုလအစီရင်ခံစာအသစ်ထုတ်ပြန်

၉နိုဝင်ဘာ၊ ၂၀၂၄

အရေးပေါ် အရေးယူဆောင်ရွက်ခြင်းမရှိရင် ရခိုင်ဒေသက လူဦးရေ ၉၅% ရှင်သန်ဖို့ ခက်ခဲတဲ့အခြေအနေကို ရောက်ရှိသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်တဲ့ အစီရင်ခံစာ တစ်စောင် နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ရခိုင်ဒေသ စီးပွားရေးပြိုလဲမှုနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေကြား လူ ၂ သန်းကျော်ဟာ အငတ်ဘေးဆိုက်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောဆိုပါတယ်။ ဒီအခြေအနေဟာ ဆင်းရဲတွင်းနက်တဲ့ ဆင်းရဲတွင်းနက်တဲ့ “မကြုံစဖူး ဘေးအန္တရာယ်” အခြေအနေတစ်ရပ်ဖြစ်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ကလည်း ဖော်ပြထားပါတယ်။

ကုလအစီရင်ခံစာမှာ ပြည်တွင်းနဲ့ နိုင်ငံတကာကုန်စည် လမ်းကြောင်း အကန့်အသတ်တွေ၊ အဆမတန်မြင့်တက်လာတဲ့ ငွေဖောင်းပွမှုတွေ၊ လူနေမှုဘဝဆုံးရှုံးမှုတွေ၊ လယ်ယာထွက်ကုန်တွေကျဆင်းတာနဲ့ အခြေခံဝန်ဆောင်မှုတွေမရှိတော့တာကြောင့် ရခိုင်ပြည်နယ် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်တော့မှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

WFP အစီရင်ခံစာတွေအရ ရခိုင်ဒေသမှာ အခြေခံစားသောက်ကုန်နဲ့ သယ်ယူပို့ဆောင်ရေးဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီး UNDP က တွေ့ရှိချက်တွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတွင်းထုတ်လုပ်မှု လျော့နည်းခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းနဲ့ အလုပ်လက်မဲ့ဦးရေများပြားလာတယ်လို့ ဆိုပါတယ်။

၂၀၁၇ ထဲက စစ်တပ်ဟာ ရခိုင်ဒေသအတွင်းက ရိုဟင်ဂျာတွေကို ပြင်းထန်တဲ့အကြမ်းဖက်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ရိုဟင်ဂျာတွေ သောင်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးတဲ့အချိန်မှာလည်း ရိုဟင်ဂျာတွေဟာ AA နဲ့ စစ်တပ်ကြား ပဋိပက္ခတွေမှာ ဓားစာခံဖြစ်နေပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ရဲ့ ရံပုံငွေ ပြတ်လပ်တဲ့ကာလအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းနီးပါး စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း UN က ပြောပါတယ်။

ပုံစာ – ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမြင်ကွင်း

Photo – UN

ဆက်စပ် သတင်းများ

Most read