Homeပြည်တွင်းသတင်းအရေးပေါ်ကာလသက်တမ်း ၆လ ထပ်တိုးတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောဆို

အရေးပေါ်ကာလသက်တမ်း ၆လ ထပ်တိုးတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောဆို

၁ ဩဂုတ်၊ ၂၀၂၄

ဇူလိုင်လ ၃၁ ရက်မှာ ကြေညာခဲ့တဲ့ မြန်မာနိုင်ငံ အရေးပေါ် ကာလသက်တမ်း ၆ လ ထပ်တိုးမယ့် ကြေညာချက်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Matthew Millerက ပြောဆိုလိုက်ပါတယ်။

“မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်တွေရဲ့ နိုင်ငံအရေးပေါ်အခြေအနေကာလ သက်တမ်းတိုးတာဟာမြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်နိုင်ဖို့ အဖွဲ့အစည်းအသီးသီးကလူတွေနဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်” လို့ Matthew Miller ရဲ့ လူမှုကွန်ယက် X က တဆင့် ထုတ်ပြန်ပြောဆိုပါတယ်။

စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ရမည်ဖြစ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းထားသူများကိုလည်း ပြန်လွှတ်ပေးရဖို့လည်း သူက ပြောဆိုပါတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့် ပြုရမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သဘောထားကို ထုတ်ပြန်ကြေညာပါတယ်။

ဆက်စပ် သတင်းများ

Most read