Homeပြည်တွင်းသတင်းအရာတော်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးသေဆုံး

အရာတော်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးသေဆုံး

၁၇ အောက်တိုဘာ

ဒီနေ့ အောက်တိုဘာ ၁၇ ရက်မနက်ပိုင်း ၁၀နာရီ ၄၃မိနစ် ဝန်းကျင်ခန့် က စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေကျေးရွာကို စစ်ကော်မရှင်တပ်ကYAK-130 ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်ကလေးငယ် ၁ ဦးနဲ့ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများစွာရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“သစ်ချိုရွာအထွက်လမ်းမပေါ်ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတာ။ တိုက်ပွဲလည်းမရှိပါဘူး။ ဒီတိုင်းကြီး ပေါင် ၅၀၀ ဗုံးနဲ့ကျဲတာ။”လို့ ဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။

သစ်ချိုရွာဟာ အိမ်ခြေ သုံးရာကျော် လူဦးရေ နှစ်ထောင်ဝန်းကျင်နေထိုင်ပြီး စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာ​ကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး