၄ ဖေဖော်ဝါရီလ ၊ ၂၀၂၅
အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေများလာတာကြောင့် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ တစ်ရက်အတွင်း နိုင်ငံတစ်ဝန်း အရပ်သား (၂၀) သေဆုံးခဲရတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့အနေနဲ့ နိုင်ငံတဝှမ်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သားပစ်မှတ်ထား တိုက်ခို က်မှုတွေကို နေ့စဉ်စောင့်ကြည့်လျက်ရှိရာမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ သတင်းဖော်ပြချက်မတွေအရ နိုင်ငံတ ဝန်း ဖြစ်ပွားခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခံရမှု စုစုပေါင်း ဖြစ်စဉ် ၄၅ ခုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ အရပ်သား ၁၄ ဦး နဲ့ သေဆုံးသူ ၂၀ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူအများစုမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ နှစ်ဖက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခက်မှုကြောင့်သေဆုံးရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့နဲ့ နှိုင်းယှဉ်ပါက အရပ် သားသေဆုံးမှုအရေအတွက် (၁၆) ဦးအထိတိုးလာခဲ့ပြီး ဖမ်းဆီးခံရသူအရေအတွက်မှာလည်း (၄၃) ဦးအထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖေါ်ဝါရီလ ၂ ရက်နေ့အတွင်း သေဆုံးမှုအများဆုံးမှာ မကွေးတိုင်းက (၉) ဦးနဲ့ အများဆုံးဖြစ်ပြီး ဖမ်းဆီး ခံရမှုအများဆုံးမှာ မန္တလေးတိုင်းက (၄၄) ဦးနဲ့အများဆုံးဖြစ်တယ်လို့လည်း ဉာဏ်လင်း သစ်သုတေသနအဖွဲ့ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ဆက်လက်ပြီး အဆိုပါရက်အတွင်း နိုင်ငံတဝန်း စစ်ရေးလှုပ်ရှားမှုတွေအနေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲပေါင်း (၁၄) ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါအရေအတွက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၁၄)ကြိမ်၊ ဒရုန်းနဲ့တိုက်မှု (၅) ကြိမ်၊လက်နက်ကြီးနဲ့တိုက်ခိုက်မှု (၄)ကြိမ်နဲ့ ဖမ်းဆီးမှု(၄) ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကောက်ယူထားတဲ့ လေကြောင်းနဲ့တိုက်ခိုက်မှုဖြစ်စဉ်စာရင်းအတွင်း စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိပဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း အရပ်သားပစ်မှတ်တွေကို လေကြောင်းနဲ့တိုက်ခိုက်ခဲ့တဲ့ အကြိမ်အရေအတွက်တွေကိုပါ ထည့်သွင်းရေတွက်ထားတာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
Photo- NITA