မွန်ပြည်နယ်၊သထုံမြို့၊လိပ်အင်းရပ်ကွက်၊ ကုန်းပေါ်တန်းလမ်းက မဟာဗောဓိကျောင်းဝန်းအတွင်းမှာ မတ်လ၂၃ ရက်ညပိုင်းက မြေးဖြစ်သူက အဘိုးဖြစ်သူသူ ဦးဇင်းကြီးတစ်ပါးကို လည်ပင်း ဓါးနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
မတ်လ ၂၃ ရက်ညပိုင်းက သထုံမြို့၊လိပ်အင်းရပ်ကွက်၊ ကုန်းပေါ်တန်းလမ်းက မဟာဗောဓိကျောင်းဝန်းအတွင်းက တစ်ပါးနေကျောင်းဆောင်မှာ သီတင်းသုံး နေထိုင်တဲ့တော် ၇၄ နှစ်၊ဝါတော် ၂၄ ဝါရှိတဲ့ ဦးဇင်းကြီးကို မြေးတော်စပ်သူ ငြိမ်းချမ်းအောင်(ခ)ကျန်ကျောင်းက အရက်ဖိုးတောင်းတာ မပေးတဲ့အတွက် ကြက်သွန်လှီးဓါးနဲ့ ယာဘက်လည်ပင်းကိုထိုးထွင်း သတ်ဖြတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်ခဲ့သူ ငြိမ်းချမ်းအောင် (ခ) ကျန်ကျောင်းကို ငြိမ်းချမ်းအောင်(ခ)ကျန်ကျောင်းကို သထုံမြို့၊ပိတောက်မြိုင်ရပ်ကွက်၊ ကျောက်လုံးကြီးလှေဆိပ်မှာ ရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ဦးဇင်းကြီးရဲ့ရုပ်အလောင်းကို အကြင်နာတွဲလက် လူမှုကူညီရေးအသင်းက မော်တော်ယာဥ်နဲ့လာ ရောက်သယ်ဆောင်ခဲ့ပြီး သထုံမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကာ ပြစ်မှုကျုးလွန်ခဲ့သူ ငြိမ်းချမ်းအောင် (ခ)ကျန်ကျောင်းကို စစ်ကောင်စီလက်အောက်ခံ သထုံမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၀၂)နဲ့ အမှုဖွင့်လှစ်ပြီးအရေးယူနိုင်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Aung Ko Latt (အကြင်နာတွဲလက်)