Homeပြည်တွင်းသတင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တည်ထောင်ခြင်း ၃၇ နှစ်မြောက် ဂုဏ်ပြုသ၀ဏ်လွှာကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပေးပို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တည်ထောင်ခြင်း ၃၇ နှစ်မြောက် ဂုဏ်ပြုသ၀ဏ်လွှာကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပေးပို့

၂၇ စက်တင်ဘာ ၂၀၂၅

ယနေ့ စက်တင်ဘာ ၂၇ ရက်နွေမှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တည်ထောင်ခြင်း ၃၇ နှစ် မြောက် ဂုဏ်ပြုသ၀ဏ်လွှာကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ဌာန ချုပ် ဗဟိုဦးဆောင်ကော်မတီကပေးပို့ခဲ့ပါတယ်။

အဲဒီသဝဏ်လွှာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဟာ ခက်ခဲပြင်း ထန်တဲ့ နိုင်ငံရေးအနိမ့်အမြင့်အတက် အကျတွေကိုကြံ့ကြံ့ခံ ဖြတ်သန်းပြီး ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့ အ ခန်းဆက်တာဝန်တွေကို ဒီကနေ့တိုင် ဆက်လက် ထမ်းဆောင်နေတာကို မြင်တွေ့ရတဲ့အတွက် မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် မိမိတို့ပါတီနဲ့မိတ်ဆွေနိုင်ငံရေးအင်အားစုတရပ်အဖြစ်စစ် ၃ စစ် ဖျက် သိမ်းရေးတိုက်ပွဲတလျှောက် အတူလက် တွဲ တိုက်ပွဲဝင်ဖြစ်တဲ့အတွက်လည်း လေး စားစွာဝမ်းမြောက် ဂုဏ်ယူတယ်လို့ဆိုပါတယ်။

ဆက်လက်ပြီးလည်း စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ၊၂၀၀၈ ခြေ/ဥ အပြီးတိုင်ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ နွေဦးတော်လှန်ရေးရဲ့ရည်မှန်းချက်တွေပြည့်မြောက်အောင်မြင်တဲ့အထိ မိမိတို့ပါတီနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီအကြား မိတ်ဆွေဆက်ဆံရေးကို ခိုင်မြဲစေကာလူမျိုးစုံ ဗမာပြည်သူတို့နဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားနိုင်ကြမယ်လို့ ယုံကြည်ကြောင်း ဆိုထားပါတယ်။

ဓာတ်ပုံ-DPNS

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး