Homeပြည်တွင်းသတင်းအမျိုးသမီးစုံတွဲတွေကို ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့်ပြသတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် လေးဦးကို ထောင်ဒဏ်နှစ် ၃၀ ချမှတ်

အမျိုးသမီးစုံတွဲတွေကို ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့်ပြသတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် လေးဦးကို ထောင်ဒဏ်နှစ် ၃၀ ချမှတ်

မေလ ၂၃ ၊၂၀၂၅

အမျိုးသမီးစုံတွဲတွေကို ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့်ပြသတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် ၄ ဦးကို စစ်ကောင်စီက ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေမှာဖော်ပြလာမှုအရ သိရပါတယ်။

အမျိုးသမီးစုံတွဲတွေကို ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့်ကာ ရရှိတဲ့ အကျိုးအမြတ်တွေကို ခေါင်းပုံဖြတ်ရယူခဲ့တဲ့သူတွေကို လူကုန်ကူးမှုဥပဒေနဲ့တရားစွဲဆိုပြီး အလုပ်နှင့်ထောင်ဒဏ်နှစ် ၃၀ စီ အမိန့်ချမှတ်ခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

အမိန့်ချမှတ်ခံရသူတွေမှာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံကျေးရွာ ရွှေကမ်းသာယာအိမ်ရာ Block 84၊ တိုက်အမှတ်(၅) နေ တရုတ်နိုင်ငံသားတွေဖြစ်တဲ့ Wang Shaohua (၃၉ နှစ်)၊ Yung Kun (၃၇ နှစ်) ၊ Zeng Yuan (၂၉ နှစ်) တို့ နဲ့ အတူ မြန်မာနိုင်ငံက အဲလစ်စစ်(ခ)နော်မူးရှီးဖော(ခ)ကျဲကျဲ(မ) (၃၂ နှစ်) တို့ကို ထောင် ဒဏ် နှစ်ရှည် ချမှတ်ခဲ့တာဖြစ်ပါတယ်။

သူတို့လေးဦးဟာ မြန်မာအမျိုးသမီးစုံတွဲလေးတွဲ ကို လိင်ဖျော်ဖြေရေး Sex Videoတွေ ရိုက်ကူးပြီး Live လွှင့်ကာ ရတဲ့အကျိုးအမြတ်တွေကို ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့မရဲစခန်း(ပ)၈၇၆/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)(ခ) နဲ့ အမှုရေးဖွင့်တရားစွဲခဲ့တာလို့သိရပါတယ်။

၎င်းတို့ကို အင်းစိန်ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ၂၀၂၅ ခုနှစ် မေ ၂၀ ရက်နေ့မှာ ထောင်ဒဏ်နှစ် ၃၀ စီချမှတ်ခဲ့တာဖြစ်ပါတယ်။

ကျူးလွန်လေးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီ နဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ၃၈(ခ) အရအလုပ် နဲ့ ထောင်ဒဏ် ၁၀ နှစ်စီကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအမှုမှာ တိမ်းရှောင်သွားတဲ့ တရားခံပြေး မသူသူရှိန်ကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့တယ်လို့ စစ်ကောင်စီ ကကြေညာပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ တရုတ်နိုင်ငံသားတွေဟ ယူနန်ပြည်နယ် တာ့လျန်ပြည်နယ် စီချွမ်ပြည်နယ် တွေက လာရောက်ပြီး လှိုင်သာယာမြို့နယ်မှာ အခြေချနေထိုင်ကာ အမျိုးသမီးစုံတွဲတွေကို ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့်ပြသတဲ့အလုပ်လုပ်ကိုင်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read